အင်္ဂလန် ၂ - ၀ ပိုလန်

အင်္ဂလန်အသင်းက ပိုလန်ကို ရွန်းနီ နှင့် ဂျရတ်တို့၏ သွင်းဂိုးများဖြင့် ၂ ဂိုးပြတ် ရလဒ်ဖြင့် အနိုင်ရရှိခဲ့တဲ့အတွက် ကမ္ဘာ့ဖလား ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ခဲ့ရပါပြီ။

 ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီးနောက် အင်္ဂလန်အသင်း၏ ခြေစွမ်းကို ဟော့ဒ်ဆန် ချီးကျူး ------

---------------- လာမည့်နှစ်တွင် ဘရာဇီးလ်၌ ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲ ၀င်ခွင့်တစ်နေရာ ရရှိခဲ့ပြီးနောက် ပိုလန်အသင်းကို အနိုင်ရခဲ့သည့် အသင်း၏ ခြေစွမ်းအား အင်္ဂလန် မန်နေဂျာ ရွိုင်းဟော့ဒ်ဆန်က ချီးကျူးပြောကြားလိုက်သည်။ အင်္ဂလန်အသင်းသည် ၀ိန်းရွန်နီနှင့် စတီဗင်ဂျရတ်တို့၏ သွင်းဂိုးများဖြင့် ပိုလန်အသင်းကို အနိုင်ရရှိခဲ့ပြီး Group H ၏ အုပ်စုပထမနေရာ၌ ရပ်တည်နိုင်ခဲ့ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲကို တိုက်ရိုက် အောင်မြင်ခဲ့သည်။

 ဟော့ဒ်ဆန်သည် Group H တွင် ယူကရိန်းကို ကျော်ဖြတ်ကာ အုပ်စုပထမနေရာ၌ ရပ်တည်နိုင်ခဲ့သည့် အတွက် ကျေနပ်လျက်ရှိပြီး လာမည့်နှစ် နွေရာသီတွင်လည်း အသင်း၏ ခြေစွမ်း ပိုမိုကောင်းမွန်လာမည်ဟု ယုံကြည်လျက်ရှိသည်။ “ဒါဟာ အရမ်းကို ကျေနပ်ဖွယ်ကောင်းတဲ့ ရလဒ်ပါ။ ကျွန်တော်တို့ဟာ ခက်ခဲတဲ့ အုပ်စုမှာ ယှဉ်ပြိုင်ကစားခဲ့ရတာ ဖြစ်သလို ပိုလန်၊ မွန်တီနီဂရိုနဲ့ ယူကရိန်း တို့လို ခက်ခဲတဲ့ ပြိုင်ဘက်တွေကို ဖြတ်ကျော်နိုင်ခဲ့တာပါ” ဟု ဟော့ဒ်ဆန်က ITV Sport ထံ ပြောကြားခဲ့သည်။

 ဆက်လက်ပြီး ၎င်းက “အသင်းရဲ့ ခြေစွမ်းကို အားရကျေနပ်မိပါတယ်။ ကျွန်တော်တို့ဟာ ပထမပိုင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့သလို စတီဗင်ကလည်း ပွဲပြီးခါနီးမှာ ဂိုးသွင်းယူခဲ့ပါတယ်။ ကျွန်တော်တို့ အသင်းဟာ အချိန်နဲ့အမျှ တိုးတက်နေပါတယ်။ အသင်းရဲ့ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တဲ့ ပွဲကတော့ အဝေးကွင်းမှာ မွန်တီနီဂရိုကို ၅ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲပါ” ဟု ပြောကြားသွားခဲ့သည်။

Related

video 8815453041892363062

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item