လူသတ်မှုတွင် အစွပ်စွဲခံရသော တပ်မတော်သားသုံးဦးကို အရေးယူခြင်းမရှိ၍ အာဆီယံနိုင်ငံ ကာ/ချုပ်များထံ စာပို့မည်


ရေခဲ(ပြည်) | တနင်္လာနေ့၊ စက်တင်ဘာလ ၃၀ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၁၉ မိနစ်

ပြည်မြို့ န၀ဒေးတံတားအနီး View Point ကမ်းနားသောင်ပြင်တွင် ဖြစ်ပွားခဲ့သည့် ပစ္စည်းလုကာလူသတ် ရိုက်နှက်မှုတွင် စွပ်စွဲခံထားရသော တပ်မတော်သား သုံးဦးအား အရေးယူနိုင်ခြင်း မရှိသေး၍ ဒေသခံများက လက်မှတ်ရေး ထိုးကာ အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးဦးစီးချုပ်များထံ ပန်ကြားလွှာပို့မည်ဟု သိရသည်။

ကာယကံရှင်များ၏ တောင်းဆိုမှုဖြင့် မြို့ခံလူမှုရေးအဖွဲ့များက ဦးဆောင်ကာ လက်မှတ်ကောက်ခံခဲ့ရာ နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးကျော်သူ အပါအ၀င် စုစုပေါင်း လက်မှတ်ရေးထိုးသူ နှစ်သောင်း ၀န်းကျင်ခန့်အထိ ရရှိပြီဖြစ်ကြောင်း ဦးဆောင်ပါဝင်သူတစ်ဦးက ပြောသည်။

“ကာယကံရှင်က တောင်းဆိုတဲ့အတွက် မြို့ခံလူထုက နည်းလမ်းရှာပြီး လုပ်ဆောင်ပေးတာပါ။ သူတို့ကို လူတွေ ပစ်မထားဘူးဆိုပြီး စိတ်ဓာတ်တက်ကြွလာမယ်။ ဦးကျော်သူရဲ့လက်မှတ်ကို ရတဲ့ရက်က မိသားစုအားလုံး ၀မ်းသာခဲ့ရတယ်”ဟု အထက်ပါပုဂ်္ဂိုလ်က ပြောသည်။

ထို့အပြင် ပြည်မြို့ရှိ လွှတ်တော်ကိုယ်စားလှယ်များ၏ လက်မှတ်များကိုလည်း ရယူရန် ကြိုးပမ်းမည်ပြီး ရရှိသည့် လက်မှတ်များကို အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးဦးစီးချုပ်များနှင့် သမ္မတဦးသိန်းစိန်ထံ ပန်ကြားလွှာများ ပို့မည်ဟု ပြည်မြို့ လူမှုရေးအဖွဲတစ်ခုမှ ဥက္ကဋ္ဌက ပြောသည်။ သမ္မတထံကိုမူ ပန်ကြားလွှာအား အောက်တိုဘာ ၅ ရက်တွင် ပို့မည်ဖြစ်သည်။

ထိုပန်ကြားလွှာတွင် ပြစ်မှုကျူးလွန်သူများကို အမှန်အတိုင်း ဖော်ထုတ်ပေးရန်၊ ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန်၊ နစ်နာသူများကို ကုစားခွင့်ပေးရန်နှင့် အလားတူအဖြစ် နောက်တစ်ကြိမ် မဖြစ်ပေါ်စေရေးအတွက် အာမခံပေးရန် အချက်များ တောင်းဆိုထားသည်။

ထိုတပ်မတော်သားသုံးဦးသည် ဧပြီလ၂၃ ရက်က ပြည်မြို့ View Point ကမ်းနားသောင်ပြင်တွင် ကိုဇော်မင်းဦးအား သတ်ဖြတ်ပြီး အတူပါလာသော အမျိုးသမီးတစ်ဦးကို လည်ပင်းညှစ် ရိုက်နှက်ကာ သတိလစ်နေစဉ် လက်စွပ်ချွတ်ယူခဲ့သည်ဟု သေဆုံးသူ၏ မိသားစုက စွပ်စွဲထားခြင်း ဖြစ်သည်။


Mizzima 

Related

news 8317324551054590989

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item