မြန်မာ့တပ်မတော်စစ်ကြောင်းများ ရုပ်သိမ်းရန် တိုင်းရင်းသား လက်နက်ကိုင်လေးဖွဲ့ တောင်းဆို

 
ဒီကေဘီအေ တပ်ဖွဲ့ခေါင်းဆောင်များ


30.Sept.2013

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ နယ်မြေများအတွင်း သွားလာနေသော တပ်မတော် စစ်ကြောင်းများကို ရုပ် သိမ်းပေးရေး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းလေးဖွဲ့က အစိုးရထံ တောင်းဆိုထားကြောင်း DKBA ဗိုလ်မှူး ကြီး စောစန်းအောင်က ပြောကြားသည်။

စက်တင်ဘာ၂၈ရက်နေ့ကမွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပြုလုပ်ခဲ့သည့်တိုင်းရင်းသားလက်နက်ကိုင် လေးဖွဲ့နှင့် ပြည်ထောင် စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ တွေ့ဆုံပွဲတွင် ယင်းသို့ တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ဆွေးနွေးပွဲကို ကရင် အမျိုးသား အစည်းအရုံး KNU၊ DKBA၊ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီနှင့် မွန်ပြည်သစ် ပါတီတို့ တက်ရောက်ခဲ့ကြောင်း ၎င်းကဆိုသည်။

အောက်တိုဘာလအတွင်း အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးနိုင်ရန် အတွက် ယုံကြည်မှု တည်ဆောက်နိုင်ရေး တိုင်း ရင်းသား နယ်မြေအတွင်းရှိ တပ်ဆွယ်များကို မိခင်တပ်မ ရှိရာသို့ ပြန်လည် ဆုတ်ခွာပေးရန် လိုအပ်ကြောင်း ဗိုလ်မှူး ကြီး စောစန်းအောင်က ပြောကြားသည်။“တိုင်းရင်းသား ပြည်သူတွေရဲ့ ယုံကြည်မှုတွေရဖို့ အရေးကြီးပါ တယ်” ဟု ၎င်း ကဆိုသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး အတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော် မတီ တစ်ခုတည်းသာမက တပ်မတော်၏ သဘောထားမှာ အလွန်အရေးကြီးသော အချိန်အခါ ဖြစ်နေကြောင်း Institute For Peace and Social Justice မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာသောင်းထွန်းက ပြောကြားသည်။“အင်အားကြီး တဲ့ သူက ပိုပြီးသဘောထားကြီးရမယ့်အချိန် ရောက်နေပြီ” ဟု ၎င်းကဆိုသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်ရန် NLD အဖွဲ့သည် စက်တင်ဘာလ ၂၈ ရက်နေ့တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

တိုင်းရင်းသားပေါင်းစုံ ပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲ အတွက် အောက်တိုဘာလ ပထမပတ်အတွင်း နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း အစိုးရအဖွဲ့က ထုတ်ပြန် ကြေညာထားသည်။

Related

news 5679604294652528154

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item