မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများအား နိုင်ငံသား ဖြစ်ခွင့်ပေးရန် ဘန်ကီမွန်း ပြောကြား


Re-post By ACM 12-7-2013

ဂုဏ်သိက္ခာရှိသော နိုင်ငံတစ်နိုင်ငံအဖြစ် မြင်တွေ့လိုပါက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ဗုဒ္ဓဘာသာဝင်များက လူနည်းစု မွတ်စလင်များအား အကြမ်းဖက် နေမှုများကို ရပ်တန့်ရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ အကြီးအကဲက ဗုဒ္ဓဟူးတွင် ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ရိုဟင်ဂျာ မွတ်စလင်များအပေါ် အကြမ်းဖက်မှုများကြောင့် လူရာပေါင်းများစွာ သေဆုံးခဲ့ရပြီး လူဦးရေ တစ်သိန်းလေးသောင်းခန့် နေရာပြောင်းရွှေ့ ခံခဲ့ရသည်။ ထိုဖြစ်ရပ်သည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး ပြောင်းလဲမှုများအပေါ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ကြောင်း အချို့က ယူဆခဲ့ကြသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ရာ၌ ''မြန်မာနိုင်ငံက တာဝန်ရှိသူတွေ အနေနဲ့ လူနည်းစု မတရားခံနေရမှုများ အတွက် တရားနည်းလမ်းကျကျ အရေးယူ ဆောင်ရွက်ပေးဖို့ လိုအပ်နေပါတယ်။ အဲဒီထဲမှာ ရိုဟင်ဂျာ မွတ်စလင်တွေကို နိုင်ငံသားဖြစ်ခွင့် ကိစ္စရပ်များလည်း ပါဝင်ပါတယ်'' ဟု ပြောကြားသည်။ ၎င်းက ဆက်လက် ပြောကြားရာတွင် တာဝန်ရှိသူများ အနေဖြင့် ထိုကဲ့သို့ အရေးယူ ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ပါက ပြုပြင်ပြောင်းလဲမှုများအပေါ် နှေးကွေးစေပြီး နယ်မြေဒေသ တင်းမာမှုများကိုလည်း ဖြစ်ပေါ်စေနိုင်သည်ဟု ပြောကြားသည်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ထုတ်ပြန်ခဲ့ပြီး ထိုဥပဒေအရ လူမျိုးကြီး ရှစ်မျိုးနှင့် လူမျိုးငယ်အဖွဲ့ ၁၃၀ အား နိုင်ငံသားများ အဖြစ် တရားဝင် သတ်မှတ်ခဲ့သည်။ သို့သော် လူဦးရေ သန်း ၆၀ ရှိသော မြန်မာနိုင်ငံတွင် လူဦးရေ ရှစ်သိန်းထိရှိသော ရိုဟင်ဂျာ လူမျိုးများကိုမူ နိုင်ငံသားအဖြစ် အသိအမှတ် မပြုခဲ့ချေ။ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင် များသည် ရိုဟင်ဂျာများအား ဗြိတိသျှတို့ ခေါ်သွင်းလာခဲ့ကြသည့် တရားမ၀င် ခိုးဝင် ရောက်လာသည့် လူမျိုးများအဖြစ် ရှုမြင်ကြပါသည်။

ယခုနှစ် အစောပိုင်းတွင် မြန်မာနိုင်ငံမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၏ မြို့နယ်နှစ်ခုတွင် ရိုဟင်ဂျာများအား ကလေးနှစ်ယောက်ထက် ပိုမယူရသည့် ဥပဒေ တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ ထိုဥပဒေကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြစ်တင် ခဲ့သောကြောင့် မြန်မာနိုင်ငံတွင်းမှ ဗုဒ္ဓဘာသာဝင်များ၏ ပြစ်တင်ရှုတ်ချမှုကို ခံခဲ့ရသည်။

မြန်မာနိုင်ငံသည် စစ်တပ်အာဏာသိမ်းမှု ပြီးနောက် နှစ်ပေါင်း ၅၀ ခန့်အထိ ကမ္ဘာ့နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုကို ခံခဲ့ရသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ သို့သော် လက်ရှိနှစ်များအတွင်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခဲ့ပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာသောကြောင့် နိုင်ငံများ၏ သတိရှိစွာ ပြန်လည်ကြိုဆိုခြင်းကို ခံခဲ့ရသည်။ အမေရိကန်သမ္မတ အိုဘားမားသည်လည်း လွန်ခဲ့သည့်နှစ် အာရှခရီးစဉ်တွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အထိမ်းအမှတ် တစ်ခုဖြစ်ခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင် တက်ရောက်လာသော မွတ်ဆလင် ကိုယ်စားလှယ်များက မြန်မာနိုင်ငံသည် လူနည်းစုများ၏ အခွင့်အရေးကို အကာအကွယ် မပေးနိုင်ပါက ဒီမိုကရေစီ နိုင်ငံများ၏ အ၀န်းအ၀ိုင်းသို့ ၀င်ရောက်နိုင်မည် မဟုတ်ကြောင်း ပြောကြားသည်။ ''ရွေးကောက်ပွဲတွေ ကျင်းပပေးရုံနဲ့ မလုံလောက်ပါဘူး။ ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်မှုတွေကိုလည်း မြန်မာနိုင်ငံအနေနဲ့ ရပ်တန့်ရပါမယ်''ဟု ဆော်ဒီအာရေဗျနိုင်ငံ သံအမတ် AbdallahYahya al-Mouallemi က သတင်းထောက်များကို ပြောကြားခဲ့သည်။ ၎င်းကဆက်လက်၍ ရိုဟင်ဂျာများသည် မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်၊ အလုပ်အကိုင်၊ ခရီးသွားလာရေး၊ ဘာသာရေး လွတ်လပ်ခွင့်များ မရကြောင်းနှင့် နောက်ဆုံး သေဆုံးသည့် အချိန်တွင်ပင် မြေမြှုပ်ခွင့် မရှိကြောင်း ပြောဆိုခဲ့သည်။ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၏ ကုလသံတမန် Roble Olhaye ကမူ ရိုဟင်ဂျာများသည် ခွဲခြားဆက်ဆံခံရမှုနှင့် လူမျိုးရေး ရှင်းလင်းခြင်း အခြေအနေတို့တွင် နေထိုင်နေရသည်ဟု ပြောကြားသည်။

အတွင်းရေးမှူး ဘန်ကီမွန်းသည် သြစတြေးလျ၊ တရုတ်၊ ပြင်သစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ နော်ဝေ၊ ရုရှား၊ စင်ကာပူ၊ ထိုင်း၊ ဗြိတိန်၊ အမေရိကန်၊ ဗီယက်နမ်နှင့် လက်ရှိ ဥရောပသမဂ္ဂ အဖွဲ့ဥက္ကဋ္ဌ လစ်သူယေးနီးယား နိုင်ငံတို့ပါဝင်သော မြန်မာ့မိတ်ဖက် နိုင်ငံများအဖွဲ့၏ သံအမတ်များနှင့် တွေ့ဆုံချိန်တွင် ယခုကိစ္စနှင့် ပတ်သက်၍ ပြောကြားသည်။

Related

news 5353181233205766925

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item