သီတဂူဆရာတော်ကြီးပုံကို အလွဲသုံးစားလုပ်၍ ကြေငြာချက်ထုတ်ပြန်
https://albanykarennews.blogspot.com/2013/07/blog-post_734.html
သီတဂူသာသနာပြုသတင်းထုတ်ပြန်ရေးအ ဖွဲ့ အထူးသတိပေးချက်
သီတဂူဆရာတော်ကြီး၏ ရုပ်ပုံလွှာများထောင်ကာ မျိုးစောင့်ဥပဒေ ပြဌန်းရေးအတွက် လက်မှတ် များကောက်ခံရာတွင် မဲဆွယ်လျက်ရှိသည်ကို တွေ့ရပါသည်။
အဆိုပါလုပ် ရပ်များကို ဆရာတော်ကြီး ခွင့်ပြုထားခြင်းမရှိပါ။
သီတဂူဆရာတော်ကြီး ဖွင့်လှစ်ထားသော ဆေးရုံများ၌ လူမျိုးမရွေး ဘာသာမရွေး တက်ရောက် ကုသနိုင်သည်။
သီတဂူဆရာတော်ကြီးသည် မိမိကိုယ်တိုင် တည်ထောင်ထားသော သီတဂူသာသနာပြုအဖွဲ့မှလွဲ၍ မည်သည့်အဖွဲ့အစည်းကိုမှ ဝင်ရောက်ထားခြင်း မရှိပါ။ မကြာသေးခင်က ရှင်ရဟန်းပေါင်း အပါး ၁၀၀၀ကျော်အား ဩဝါဒမိန့်ကြားခဲ့ရာ၌ Time magazine ပါ အကြောင်းအရာမှား အချို့ကိုသာ ထောက်ပြရှုံ့ချခဲ့ခြင်းဖြစ်ပြီး မည်သူ့ကို မျှ ထောက်ခံကြောင်း မပြောခဲ့ပါ။
သတင်းမှန်များကိုသိလိုပါက ashinvisuta201@gmail.com ၊ ဖုန်း09458020075 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
(သီတဂူသာသနာပြု သတင်းထုတ်ပြန်ရေးအဖွဲ့)
28-7-2013

Post a CommentDefault CommentsFacebook Comments