မြ၀တီနယ်စပ်တွင် နေရပ်ပြန် မြန်မာများ အုပ်စုဖွဲ့ လိမ်လည်ခြင်း ခံနေရ


ထိုင်းနိုင်ငံအတွင်း သွားရောက်လုပ်ကိုင် နေကြသော မြန်မာရွှေ့ပြောင်း လုပ်သားများ မြန်မာနိုင်ငံသို့  ပြန်လာသည့်အခါ မြ၀တီနယ်စပ်တွင် အုပ်စုဖွဲ့ လိမ်လည်ခြင်းများ ယာဉ်တန်း အဆင်းနေ့တိုင်း ဖြစ်ပေါ်နေကြောင်း မြ၀တီမြို့မှ ဒေသခံများက ပြောကြားသည်။
''ရွှေ့ပြောင်းလုပ်သားတွေကို ပစ်မှတ်ထားပြီး သူတို့ရဲ့ လုပ်အားခတွေကို အုပ်စုဖွဲ့ လိမ်နေတာ ဆယ်စုနှစ် တစ်ခုတောင် ကျော်နေပါပြီ။ ဘတ်ငွေလဲပြီး လိမ်ကြတာ ပိုများတယ်။ တချို့ဆို အလိမ်ခံရမှန်းတောင် မသိဘူး။ လမ်းရောက်လို့ ငွေရေတွက်မှသိတယ်။ မြ၀တီ ရဲစခန်းအနေနဲ့ အမှုဖွင့် တိုင်ကြားမယ့်လူ မရှိလို့  ဥပဒေအရ အရေးမယူ နိုင်သေးပါဘူး'' ဟု အမှတ်(၁)ရပ်ကွက် ဥက္ကဌ ဦးစိုးနောင်က ပြောကြားခဲ့သည်။
''မနက်အစောကြီး ကားဆိုက်တော့ တံတားမဖွင့်သေးဘူး။ တံတားရဲ့ အောက်ဖက် ရေပေါ်ဈေးအနီးမှ လှေနဲ့ကူးခဲ့တယ်။ မြ၀တီဘက်ကမ်း ရောက်တော့ ဆိုင်ကယ်တွေ အလုအယက် ခေါ်တင်တယ်။ ကိုယ်သွားချင်တဲ့ နေရာမရောက်ဘဲ သူတို့ခေါ်သွားတဲ့ အိမ်ကိုရောက်သွားတယ်။ လူ ၂၀ လောက် ၀ိုင်းထားတာ။ ငွေလဲခိုင်းတယ်။ ကြောက်ကြောက်နဲ့ လဲလိုက်ရပါတယ်။ လမ်းစရိတ်ထဲက ငွေငါးသောင်းလောက်နဲ့ ဖုန်းတစ်လုံး ပါသွားတယ်'' ဟု ထိုင်းနိုင်ငံမှ ပြန်လာပြီး မြ၀တီမြို့တွင် အလိမ်ခံရသူ ကိုစံသိန်း (ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းနေသူ)က ဇူလိုင် ၁၂ ရက်က ပြောကြားခဲ့သည်။
မြ၀တီမြို့တွင် နယ်စပ်ဖြတ်ကျော်လှေ ဂိတ်ပေါင်း ၂၀ ကျော်ရှိပြီး တံတားဝန်းကျင်ရှိ လှေဂိတ်များမှ ခရီးသွားလာမှု အများဆုံးဖြစ်ကာ တရားမ၀င်ပေမယ့် တရားဝင်လေလံဆွဲထားသည့် အတွက် ခရီးသွား တစ်ဦးလျှင် လှေခ ကျပ် ၅၀၀ ဂိတ်ကြေး ကျပ် ၅၀၀ ပေးရကြောင်း သိရသည်။

Eleven

Related

news 8987519538022498477

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item