ညောင်လေးပင်ခရိုင်တွင်းရှိ အရပ်သားများ မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရ
https://albanykarennews.blogspot.com/2013/07/blog-post_3562.html
ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်း၌ ပြည်သူအများ အသုံးပြုနေသည့် လမ်းပေါ်တွင် ထောင်ထားသည့် မြေမြုပ်မိုင်းများ ပေါက်ကွဲမှုကြောင့် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သည်။
ဖေဖော်ဝါရီလ ၂ ရက်၊ ၂၀၁၃ ခုနှစ်၊ နံနက် ၉း၃၀ ခန့်တွင် စောဟ--- (၂၂ နှစ်) သည် စောဟ--- သည် မော်လေးတော (မြန်မာအခေါ် ကြောင်ပြာတော) မှ ထင်းကောက်ပြီး အိမ်ပြန်လာစဉ် လမ်းတွင် မြေမြုပ်မိုင်းနင်မိပြီး ပေါက်ကွဲမှုဖြစ်ပွားကာ ဒဏ်ရာရခဲ့ပါသည်။ ၄င်မြေမြုပ်မိုင်း ပေါက်ကွဲခဲ့သည့် နေရာသည် ရွာသာများ နေ့စဉ် သွားလာအသုံးပြုနေသည့် လှည်းလမ်းအလယ်၌ ဖြစ်သည်။ ထိုသို့ မြေမြုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားစဉ်အချိန်တွင် စောဟ--- ၏ အရှေ့နှင့် အနောက်တွင် ခရီးသွားနေသည့် အခြားရွာသားများနှင့် လှည်းများလည်း ရှိပါသည်။ ပေါက်ကွဲမှုကြောင့် စောဟ--- ၏ ဘယ်ဘက် ခြေထောက်တွင် ဟက်တက်ကွဲသည့် ဒဏ်ရာ ရရှိခဲ့ပါသည်။ သို့သော် ဆရာဝန်၏ ပြောဆိုချက်အရ ကုသရာတွင် ခြေထောက် ဖြတ်တောက်ရန် မလိုအပ်ခဲ့ပေ။
မြေမြုပ်မိုင်းပေါက်ကွဲရာ ဒေသ၌ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် မြန်မာ့ တပ်မတော်တို့၏ အခြေစိုက် တပ်စခန်းများရှိသော်လည်း မည်သူ၏ မြေမြုပ်မိုင်း ဖြစ်ကြောင်းကို အတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။
အခြားဖြစ်စဉ်တခု အနေဖြင့် ဇွန်လ ၁ ရက်၊ ၂၀၁၃ ခုနှစ်၊ နံနက် ၁၀ နာရီခန့်တွင် မုန်းမြို့နယ်ရှိ မောင်ဝ--- ဟုခေါ်သည့် ဗမာ လူမျိုးတဦး ခရီးသွားနေစဉ် ခြောက်ကွေ့နယ်မြေရှိ လမ်းပေါ်တွင် ထောင်ထား သည့် မြေမြုပ်မိုင်းအား နင်းမိ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့ပါသည်။ တပ်မတော် ခြေမြန်တပ်ရင်း အမှတ် (၆၀) မှ စစ်သားများက ဒဏ်ရာရရှိခဲ့သည့် မောင်ဝ--- ကို ကျောက်ကြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။ ပြင်းထန်စွာ ဒဏ်ရာရခဲ့သည့် မောင်ဝ--- ၏ ဘယ်ဖက် ခြေ ထောက်တဖက်ကို ဆေးရုံက ဖြတ်တောက် ကုသပေးခဲ့ရသည်။ ထိုဆေးကုသခံယူမှု ကုန်ကျစရိတ်အတွက် မောင်ဝ--- အနေဖြင့် ငွေကြေး အကူအညီ တစုံတရာ မရရှိခဲ့ပါ။
Post a CommentDefault CommentsFacebook Comments