ဒေါ်အောင်ဆန်းစုကြည်နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ တွေ့ဆုံမည်





နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရကဦးဆောင် လုပ်ကိုင်လျက်ရှိသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်အချို့ တွေ့ဆုံမည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရှိရသည်။

အဆိုပါ တွေ့ဆုံပွဲကို ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် ရန်ကုန်မြို့ ဦးဝိစာရလမ်းနှင့် ရွှေလီလမ်းထောင့်ရှိ မြန်မာငြိမ်းချမ်းရေး စင်တာတွင် ပြုလုပ်မည် ဖြစ်ကြောင်း ယင်းပါတီထံမှ သိရှိ ရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ဇူလိုင်လ ၁၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် မီဒီယာ တွေ့ဆုံပွဲ ပူးပေါင်းကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးတို့ တက်ရောက် ဆွေးနွေးမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

“အပစ်အခတ် ရပ်စဲရေးကိစ္စတွေ ပြီးရင် အစိုးရပါဝင်မယ့် ကဏ္ဍက နည်းသွားမယ်၊ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်ဖို့ အခြေခံဥပဒေ ပြင်တဲ့အပိုင်းနဲ့ တိုင်းရင်းသားတွေအတွက် အချို့ဥပဒေတွေ ပြန်ဆွဲရမှာ၊ အဲဒီတော့ လွှတ်တော်ရဲ့ အခန်းကဏ္ဍက ပိုအရေးပါလာနိုင်တယ်” ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးက ပြောကြားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီတို့၏ လုပ်ငန်းစဉ်များကို ပြန်လည် သုံးသပ်ရန်အတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို တစ်ပတ်လျှင်တစ်ကြိမ် ပြန်လည်ခေါ်ယူ ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇွန်လအတွင်း စာပေးပို့ထားပြီး ယင်းနောက်ပိုင်းတွင် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး တစ်ပတ်လျှင်တစ်ကြိမ် ကျင်းပခဲ့သည်။

ဇွန်လ ပထမပတ်အတွင်းတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို ပြန်လည်ဖွဲ့စည်းခဲ့သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခြင်း မရှိပေ။

Related

news 7124517331573227363

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item