တကျော့ပြန်လန်ဒန်စီးကရက်နှင့် ကျည်ဆံခိုးထုတ်သည့်တပ်ကြပ်၊ သီလရှင်နှစ်ပါးကျောင်းလု
https://albanykarennews.blogspot.com/2013/07/blog-post_1707.html
"လန်ဒန် စီးကရက် ပြန်လာတော့မည်"
မြန်မာနိုင်ငံမှာ လန်ဒန် စီးကရက် ထုတ်လုပ်ဖြန့်ချိခဲ့တဲ့ BAT ခေါ် ဗြိတိသျှ အမေရိကန် ဆေးရွက်ကြီး ကုမ္ပဏီဟာ မြန်မာပြည်ဈေးကွက်ကို ပြန်လည်ဝင်ရောက်လာတော့မယ်လို့ သိရပါတယ်။ BAT ဟာ မြန်မာနိုင်ငံကို ၁၉၉၉ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပြီး၊ လန်ဒန် စီးကရက် လုပ်ငန်း လုပ်နေစဉ် အတွင်း စစ်အစိုးရ နဲ့ အဆက်အသွယ်ရှိနေတယ် ဆိုတဲ့အချက်ကြောင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားတဲ့
နောက်ဆုံး အဲဒီအချိန်က ဗြိတိန် ၀န်ကြီးချုပ် တိုနီဘလဲ က BAT ကို စစ်အစိုးရ နဲ့ အလုပ်လုပ်နေတဲ့အပေါ် ဝေဖန်ခဲ့တဲ့အပြင်၊ ဗြိတိန်အစိုးရ ရဲ့ အထူးတောင်းဆိုချက်ကြောင့် ၂၀၀၃ ခုနှစ်မှာ မြန်မာနိုင်ငံက ထွက်ခွာခဲ့ပါတယ်။
အဲသလို ထွက်ခွာခြဲ့ပီး (၁၀) နှစ်ကြာတဲ့အချိန်၊ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲနေပြီး၊ နော်ဝေး တယ်လီနာ လို ဥရောပ ကုမ္ပဏီတွေ ဆက်သွယ်ရေးလုပ်ငန်းလုပ်ခွင့်ရနေ
မြန်မာနိုင်ငံမှာ လန်ဒန်စီးကရက် ပြန်ထုတ်ဖို့ အမေရိကန်ဒေါ်လာ သန်း (၅၀) မတည်ပြီး စက်ရုံထောင်မယ်လို့ BAT က ပြောပါတယ်။ BAT အနေနဲ့ ပြည်တွင်းက စိန်ဝတ်မှုန် လုပ်ငန်းအုပ်စု ရဲ့ လက်ခွဲတစ်ခုဖြစ်တဲ့ IMU အင်တာပရိုက်စ် နဲ့ အကျိုးတူ ဖက်စပ်ဆောင်ရွက်မယ်လို့ သိရပါတယ်။
ကျည်ဆံခိုးထုတ်သည့် တပ်ကြပ်နှင့် အရပ်သားငါးဦး ဖမ်းမိ
ရန်ကုန်၊ ဇူလိုင် ၈
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ခြေမြန်တပ်ရင်း (၃၇၅) မှ ကျည်ဆန်များကို ရောင်းချရန် ခိုးထုတ်ခဲ့သည့် တပ်ကြပ်တစ်ဦးနှင့် အရပ်သားငါးဦးကို ဖမ်းဆီးထားကြောင်း ကျောက်တော်မြို့နယ် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်က ပြောကြားသည်။
ကျောက်တော်မြို့နှင့် တစ်ဖက်ကမ်းရှိ လမ်းမတော်ကျေးရွာတွင် နေထိုင် သည့် ဒေါ်အေးကြည်ကို ဇူလိုင်လ ၇ ရက်နေ့က ကျောက်တော်မြို့သို့ လာရောက်စဉ် စစ်ဆေးခဲ့ရာ ကျည်ဆန် ၃၀၀ တောင့်နှင့်အတူ ဖမ်းဆီးခဲ့ပြီး ယင်းကျည်များကို (၃၅၇) တပ်ရင်းမှ တပ်ကြပ်ကျော်ဝေက တစ်ဆင့် ရရှိသည်ဟုဆို၍ ၎င်းတို့နှစ်ဦးကို ဖမ်းဆီးခဲ့ကာ ယင်းအမူနှင့် ပတ်သက်ဆက်နွှယ်သူဟု ယူဆရသူနှစ်ဦးကို ထပ်မံဖမ်းဆီးထားကြောင်း ၎င်းကဆိုသည်။
ချင်းပြည်နယ် ပလက်ဝမြို့တွင်လည်း ယင်းအမှုနှင့် ဆက်စပ်သူနှစ်ဦးကို ထပ်မံ ဖမ်းဆီးထားပြီ ဖြစ်ကြောင်း ရဲမှူးခင်မောင်က ပြောကြားသည်။
အဆိုပါအမှုနှင့် ဆက်စပ်၍ ဇူလိုင်လ ၈ ရက်နေ့က ချင်းပြည်နယ် ပလက်ဝမြို့ရှိ ဦးလှကြာအောင်၏ နေအိမ်ကို ရဲတပ်ဖွဲ့နှင့် ရပ်မိရပ်ဖများ ဝင်ရောက်ရှာဖွေခဲ့ရာ ကျည်ဆန်အတောင့် ၃၀၀၀ ထပ်မံ ဖမ်းဆီးရမိခဲ့ပြီး ဦးလှကြာအောင်ကို ဖမ်းဆီးထားသည်ဟု ပလက်ဝရဲတပ်ဖွဲ့စခန်းက သတင်း ရရှိကြောင်း ကျောက်တော်မြို့ရှိ ရခိုင်အမျိုးသမီးကွန်ရက်မှ ဥက္ကဋ္ဌဒေါ်လှမေက ဆိုသည်။
ဒေါ်အေးကြည်သည် ၎င်းအမျိုးသား လုပ်ကိုင်သည့် ပန်းပဲလုပ်ငန်းမှရသည့် ဂျင်ဂလိ၊ ဓား စသည့် လက်နက်များကို ဘင်္ဂါလီများကို ရောင်းချနေသည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် ကျောက်တော်မြို့ အခြေစိုက် ရခိုင်အမျိုးသမီးကွန်ရက်က စောင့်ကြည့်နေခဲ့ကြောင်း၊ ဇူလိုင်လ ၇ ရက်နေ့က ဒေါ်အေးကြည်က လက်နက်များ ရောင်းချရန် လမ်းမတော်ကျေးရွာမှ ကျောက်တော်မြို့သို့ ထွက်ခွာသွားကြောင်း သတင်းရရှိသဖြင့် ကျောက်တော် ဆိပ်ကမ်းတွင် စစ်ဆေးခဲ့ရာ ကျည်ဆန်များနှင့် ယူဆောင်လာသည်ကို တွေ့ရသဖြင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ကြောင်း ၎င်းကထပ်မံပြောကြားသည်။
“ကျည်ဆန်တွေကို ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ရောင်းချမယ်လို့ သိရတယ်” ဟု ဒေါ်လှမေက ဆိုသည်။
၇ ဒသမ ၆၂ အမျိုးအစား ကျည်အတောင့် ၅၀ နှင့် ၅ ဒသမ ၅၆ ကျည်အမျိုးအစား ၂၅၀ နှင့် ကျပ်နှစ်သိန်းကျော် စစ်ဆေး တွေ့ရှိခဲ့ကြောင်း ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ သိရှိရသည်။
အဆိုပါ ကျည်များကို မည်သို့အသုံးပြုရန် ရောင်းချရန် ကိစ္စများကို စစ်ဆေးနေဆဲ အဆင့်တွင်သာ ရှိသေးသဖြင့် ပြောဆို၍ မရသေးဘဲ အဆိုပါ ကျည်ဆန်များကို ခိုးထုတ်မှုတွင် ပါဝင်သူများကို လက်နက်ဥပဒေနှင့် အမှုဖွင့် အရေးယူနေကြောင်း ရဲမှူးခင်မောင်က ပြောကြားသည်။
သီလရှင်နှစ်ပါး ကျောင်းလုရာက ရွာသား ၅၀ ကျော်တို့ အချင်းများ
ဝိုင်းအောင် | အင်္ဂါနေ့၊ ဇူလိုင်လ ၀၉ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၀၆ မိနစ်
မကွေးမြို့နယ်အတွင်းရှိ ချမ်းမြေ့သာယာရွာတွင် သီလရှင်နှစ်ပါး သီတင်းသုံးသည့် ကျောင်းတစ်ကျောင်း ရှိရာ အတူသီတင်းသုံးသည့် ထိုသီလရှင်နှစ်ပါး သဘောထားကွဲလွဲသောအခါ အဆိုပါကျောင်းကို ခွဲယူရာ မှ စကားများကြပြီး ယင်းကိစ္စကို ၀င်ပါမိသော ရွာသား ၅၀ ကျော်ပါ အချေအတင် ခိုက်ရန်ဖြစ်ကြသည့် ဖြစ်ရပ်တစ်ခု ဇူလိုင် ၇ ရက်က ဖြစ်ပွားခဲ့သည်။
စတင်ဖြစ်ပွားပုံမှာ မကွေးတိုင်း သီလရှင်အဖွဲ့ဥက္ကဋ္ဌ၊ တိုင်းအကျိုးတော်ဆောင် သီလရှင်ဆရာကြီးများနှင့် မြို့နယ် သာသနာရေးဦးစီးဌာနတို့က ယင်းကျောင်းတွင်နေသော သီလရှင်နှစ်ပါးဖြစ်သည့် ဒေါ်ဧသုစာရီ နှင့် ဒေါ်ဝေသုစာရီတို့သည် လူမှုရေးဖောက်ပြန်သည်ဟု စွပ်စွဲကာ ပြီးခဲ့သည့် ဇွန် ၃၀ ရက်တွင် နယ်နှင် ထားသည်ဟု မြို့နယ် သာသနာရေးဦးစီးဌာနမှ စုံစမ်းရရှိသည်။
သီလရှင်နှစ်ပါးကို ဇူလိုင် ၈ ရက်တွင် ကျောင်းမှ နောက်ဆုံးထွက်ခွာရန် သာသနာရေးဆိုင်ရာ အဖွဲ့တို့က အမိန့်ထုတ်ထားရာ မူလက ကျောင်းဆောက်လုပ်ပေးခဲ့သည့် ကျောင်းဒကာဖြစ်သူ ဦးဌေးဝင်းက လူခုနစ် ဦးခန့်ကိုခေါ်ကာ ဇူလိုင်၇ရက်က ကျောင်းဖျက်ရန် လာခဲ့သည်ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
ယင်းသို့ ကျောင်းဖျက်မည်ကို သီလရှင် ဒေါ်ဧသုစာရီက မကျေနပ်သဖြင့် ရွာသားများကို အကူအညီသွား တောင်းရာ လူ ၅၀ ခန့် စုဝေးရောက်ရှိလာပြီး ကျောင်းဒကာ ဦးဌေးဝင်းက ကျောင်းကိုဖျက်ပြီး ပြန်ယူမည် ကို ၀ိုင်းတားသဖြင့် အုပ်စုနှစ်ခု အချေအတင် ရန်ဖြစ်ကြသည်ဟု မျက်မြင်သက်သေ ရွာသားတစ်ဦးက မဇ္ဈိမကို ပြန်ပြောပြခဲ့သည်။
ထိုရုန်းရင်းဆန်ခတ် ဖြစ်စဉ်ကို ရွာသားတစ်ဦးက မြို့နယ်ရဲတပ်ဖွဲ့ကို ဖုန်းဖြင့် ဆက်သွယ်၍ အကြောင်း ကြားသဖြင့် ရဲများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် သာသနာရေးဦးစီးဌာမှ အရာရှိများ ရောက် လာပြီး ရွာသားများ အချေအတင် ဖြစ်နေသည်ကို တားဆီးခဲ့သည်ဟုလည်း စုံစမ်းရရှိသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ကျောင်းဒကာ ဦးဌေးဝင်းကို အာဏာပိုင်များက ခေါ်ယူမေးမြန်းရာ သူက သီ လရှင်နှစ်ဦးနှင့်ရော ကျောင်းနှင့်ပါ နောင်တွင် မပတ်သက်တော့ကြောင်း ကတိပြု ခံဝန်လက်မှတ် ထိုးခဲ့ ကြောင်း ဒေသ အာဏာပိုင်များထံမှ စုံစမ်းရရှိသည်။
ထို့ပြင် သီလရှင်နှစ်ပါး သီတင်းသုံးခဲ့သည့် မြေကွက်နှစ်ကွက်နှင့် ကျောင်းအဆောက်အအုံကို ယင်းရွာရှိ ချမ်းမြေ့သာယာရိပ်သာ ဘုန်းကြီးကျောင်းသို့ ကျောင်းဒကာ ဦးဌေးဝင်းက လွှဲပြောင်း လှူဒါန်းခဲ့သည်ဟု လည်း မကွေးမြို့နယ် သာသနာရေးဦးစီးဌာနရုံးမှ စုံစမ်းရရှိသည်။
ဒေါ်ဧသုစာရီနှင့် ဒေါ်ဝေသုစာရီ သီလရှင်နှစ်ပါးကမူ သာသနာရေးဆိုင်ရာ အဖွဲ့အစည်းများက အမိန့် ထုတ်ထားသည့်အတိုင်း ဇူလိုင် ၈ ရက်အထိသာ ကျောင်းတွင် သီတင်းသုံးခွင့်ရှိပြီး ယနေ့မှစ၍ ယင်း ကျောင်းတွင်သာမက မကွေးမြို့နယ်အတွင်း၌ပင် သီတင်းသုံးခွင့် မရှိတော့ဘဲ အခြားတစ်နယ်သို့ ထွက် ခွာရမည် ဖြစ်သည်။
Post a CommentDefault CommentsFacebook Comments