မူကြိုကျောင်းသူကို အဓမ္မပြုကျင့်ရန် ကြံစည်


ဇူလိုင်လ ၉

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ရပ်ကွက် (၄) မြို့သစ်ရပ်တွင် ဇူလိုင်လ ၇ ရက်နေ့ ညနေပိုင်း အချိန်က အသက် လေးနှစ်အရွယ် မူကြို ကလေးငယ် တစ်ဦးကို အဓမ္မပြုကျင့်ရန် ကြံစည်မှု ဖြစ်ပွားခဲ့ ကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် မကျီးကန် ကျေးရွာမှ ကျိုင်းတုံမြို့သို့ လာရောက်ကာ ဆောက်လုပ်ဆဲ တိုက်တွင် ညစောင့်အဖြစ် လုပ်ကိုင်နေသူ ကျော်ဇင်လတ် (ခ) ပိစိ (၃၂) နှစ်သည် ယင်းနေ့ ညနေ ၆ နာရီကျော်ခန့်တွင် သူငယ်ချင်းများဖြင့် ကစားနေသော မူကြိုကျောင်းသူ မ... ကို တိုက်အတွင်း ခေါ်ယူကာ အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့ကြောင်း ယင်းမြို့ ရဲစခန်း မှတ်တမ်းများအရ သိရသည်။

“ဆေးစာ ထင်မြင်ချက်လည်း တောင်းထားပါတယ်။ အခင်းနေရာက အဝတ်အစားတွေကို သက်သေအဖြစ် ယူထားတယ်” ဟု ယင်းမြို့ ရဲစခန်း တာဝန်ကျ ရဲအရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။

ယင်းဆောက်လုပ်ဆဲ တိုက်အတွင်း ကျော်ဇင်လတ် (ခ) ပိစိက အသက် လေးနှစ်အရွယ် မ...ကို အဓမ္မ ပြုကျင့်နေသည်ကို ကလေးငယ် တစ်ဦးက တွေ့မြင်၍ လာပြောသဖြင့် မ...ကို အော်ခေါ်ကြည့်ရာ ယင်းဆောက်လုပ်ဆဲ တိုက်အတွင်းမှ ဘောင်းဘီကျွတ်ကို လက်ကကိုင်ကာ ငိုပြီး ထွက်လာကြောင်း အဒေါ်တော်စပ်သူ ဒေါ်အားစီက The Voice သို့ ပြောဆိုသည်။

“ကလေးကို ဒီလိုပြုကျင့်တာ သိတော့ ရပ်ကွက်က လူတွေက အဲဒီအိမ်ကို ဝိုင်းထားပြီး ခေါ်ထုတ်တာ ထွက်မလာဘူး” ဟု ဖခင်ဖြစ်သူ ဦးအားချေးခွန်က ဆိုသည်။

လေးနှစ်အရွယ် မူကြို ကျောင်းသူ ကလေးငယ်ကို အဓမ္မပြုကျင့်ရန် ကြံစည်သူ ကျော်ဇင်လတ်(ခ) ပိစိ ကို ယင်းမြို့နယ် ရဲစခန်းက (ပ) ၈၆/၂၀၁၃ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၇၆/၅၁၁ ဖြင့် အရေးယူ ဆောင်ရွက်လျက် ရှိသည်။


The Voice Weekly

Related

news 4787306151857842211

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item