အစိုးရတွင်း ပရိယာယ် အပြောင်းအလဲများ And Current Situation Of Cease Fires Group(KNU)


အစိုးရတွင်း ပရိယာယ် အပြောင်းအလဲများ
ယခုရက်ပိုင်းတွင် အောက်လွှတ်တော် ဥက္ကဌက အရေးပေါ်လုံခြုံရေး ကောင်စီ ခေါ်ပေးရန် တင်ပြနေပြီး ဖြစ်ကြောင်း၊ သမ္မတ ဦးသိန်းစိန် နောက်ထပ် သက်တမ်း အတွက် ရွေးချယ်ခြင်း မပြုရန် ကြံ့ခိုင်ရေး ပါတီအား ဂတိပြု လက်မှတ် ထိုးပေး လိုက်သည့် အကြောင်း၊ ၀န်ကြီး ဦးအောင်မင်း နှုတ်ထွက်တော့မည့် သတင်း၊ အစိုးရအတွင်း တည်ငြိမ်မှု မရှိဘဲ အချင်းချင်း အုပ်စုတိုက်ပွဲများ ဖြစ်နေသလိုလို ကောလဟာလများ ထွက်ပေါ်နေပါသည်။

ဤသည် အစိုးရ၏ နိုင်ငံရေး အကွေ့အလှည့် လုပ်ဆောင်သည့် အခါ ကျင်းသုံးနေကြ ပရိယာယ်များသာ ဖြစ်သည်ဟု KNU အရာရှိ တစ်ဦးက ဆိုပါသည်။ အစိုးရ တပ်များသည် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့များ၏ စခန်း နားတွင် ကပ်လျှက် နေရာ ချထားပြီးဖြစ်သည်။ နောက်ထပ် စစ်ဆင်ရေး အသစ်စနိုင်ရန် အဆင်သင့် ရှိနေပြီး ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

ဤအချိန်မျိုးတွင် အစိုးရသည် မူလက သဘော တူထားသော သဘော တူညီချက်များ ပျက်ပျယ်သွားရန် ဖန်တီးရန် လိုအပ်လာပါသည်။ ၀န်ကြီး ဦးအောင်မင်းသည် တိုင်းရင်းသား အားလုံး အပစ်အခတ် ရပ်စဲထားပြီး ဖြစ်သည့်အတွက် တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲ ကျင်းပနိုင်ရန် လွှတ်တော်၏ အတည်ပြုချက်ကို ရယူမည်ဟု ဆိုလာပါ သည်။
လွှတ်တော်၏ ခွင့်ပြုချက်ဖြင့် တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲကို ကျင်းပမည် ဖြစ်သည်။ ဤကဲ့သို့ လွှတ်တော်မှ အတည်ပြုချက်ကိုမှ လက်မခံသည် ရှိသော် လက်မခံသည့် တိုင်းရင်းသား အဖွဲ့ကို လွှတ်တော် အမိန့်ဖြင့် စစ်ဆင်လာဖွယ်ရာ အခြေအနေမျိုးလို ဖြစ်လာနေပါသည်။

တိုင်းရင်းသား အဖွဲ့အစည်းများကလည်း အစိုးရ၏ လွှတ်တော် ခွင့်ပြုမိန့်အရ ဆိုသည်ကို လက်ခံနိုင်မည် မဟုတ်ပေ။ ထိုအချိန်တွင် လက်ဦးမှု ရှိရှိ အဆင့်သင့် ပြင်ထားသော အစိုးရတပ်များက တချိန်ထဲတွင် နေရာ အနှံ့ စစ်ဆင်တော့မည် ဖြစ်သည်ဟု အကဲခတ်များက ယူဆနေပါသည်။

နိုင်ငံရေးအရ လွတ်လပ်စွာ ဆွေးနွေးခွင့် မရခဲ့လျှင် တိုင်းရင်းသားများက လက်ခံမည် မဟုတ်ကြောင်း အစိုးရကလည်း သိပါသည်။ သို့သော် ဤအချိန်တွင် အစိုးရသည် အောင်မြင်မှု သုံးခု ရရှိနေပြီး ဖြစ်ပါသည်။ (၁) ILO ၏ စီးပွားရေးပိတ် ဆို့မှု ဒဏ်မှ ကင်းလွတ်နေပြီး ဖြစ်ပါသည်။ (၂) အမေရိကန် အစိုးရနှင့် တိုက်ရိုက် ဆက်ဆံခွင့် အပြင် စီးပွားရေး ကင်းလွတ်ခွင့်ပါ ရနေပြီးဖြစ်ပါသည်။ (၃) ဒေါ်အောင်စုကြည်အား  လွှတ်တော်ထဲတွင် ချည်နှောင်ပြီးသား ဖြစ်နေပြီးဖြစ်သည်။ ဤသည် အစိုးရ၏ အလိုလားဆုံး အောင်မြင်မှုဖြစ်သည်။

တိုင်းရင်းသားနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် အပစ်အခတ် ရပ်စဲရေးသည် အစိုးရ၏ ပန်းတိုင် မဟုတ်ကြောင်း ထိုအောင်မြင်မှု (၃) ခု ရရန် လိုအပ်သော နည်းပရိယာယ်သာ ဖြစ်သည်ဟု စစ်ရေး အကဲခတ်များက ဆိုပါသည်။ ဤရှုမြင်မှု အပေါ် KNU  အတွင်းရေးမှူး (၂) ဖြစ်သူ ပဒိုမန်းမန်းမန်းအား ဆက်သွယ် မေးမြန်း ခဲ့ပါသည်။

မေး     အခုအစိုးရ တွေကြားမှာ အလှည့်ပြောင်းတွေ ကြားနေရတယ်။ အဲဒါက အပစ်ခတ်ရပ်စဲရေး နဲ့ ပြီးငြိမ်းချမ်း ရေးအတွက် ဘယ်လိုဖြစ်လာနိုင်မလဲ

အဖြေ။   အလှည့်ပြောင်းဟာ ပိုပြီး ရှင်းရှင်းလင်းလင်း ဖြစ်သွားနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အစိုးရဘက် အပစ်အခတ် ရပ်စဲရေးနဲ့ငြိမ်းချမ်းရေလုပ်ခဲ့တာတွေက တိတည်တယ် မတည်ဘူး ဆိုတာဘူးပေါ်သလိုပေါ်သွားတော့မှာပေါ့။ တစ်ယောက်ပြောင်းပြီး တစ်ယောက် အသစ်တက်တိုင်း ဘာမှ မသိဘူးပြောရင် ဒါက မဖြစ်သင့်တော့ ဘူးလို့ ပြောရမှာပါ။

မေး ။     ။ အစိုးရဘက်က အလှည့်အပြောင်း တကယ်ဖြစ်သွားရင် ဆရာတို့ အပစ်အခတ် ရပ်စဲရေး အခြေအနေက ဘာလိုဖြစ် သွားနိုင်မလဲ။ သဘော တူထားတဲ့ အတိုင်ဆက်ဖြစ်နိုင်ပါ့မလား။

ဖြေ ။     ။ ကျနော်တို့က သဘော တူညီချက် အတိုင်း အကောင်အထည် ဖော်သွားမယ်။ ငြိမ်းချမ်းရေးကို လိုလားတယ်။ စစ်ပွဲ မဖြစ်ချင်တော့ဘူး အဲဒီပေါ်လစီနဲ့ပါ။ သူတို့ အလှည့်ပြောင်း လုပ်တိုင်း အပစ်အခတ် ရပ်စဲရေးကို ပျက်ပြယ် ရမယ်ဆို ရင် ငါတို့လည်း ပြောင်းကို ပြန်လှည့် ရတော့မှာပေါ့။ ကျနော်တို့ ဘက်ကတော့ အကောင်းဘက် ဦးတည်ရင် ကျနော်တို့ ကြိုဆိုဖို့ အဆင်သင့် ဖြစ်သလို အဆိုးဘက်ကို ဦးတည်ရင်လည်ကာကွယ်ဖို့ အဆင်သင့်ပါပဲ

မေး ။`   ။ ဇူလိုင်လမှာ KNU ဘက်က ဦးအောင်မင်းနဲ့တွေ့ဖို့ ရှိတယ်လို့ မီဒီယာတွေမှာ ပြောနေကြတယ်။ အဲဒါကို ဆရာတို့ဘက်က အဆင်သင့်ဖြစ်ပြီးလား။
  
အဖြေ။   ။ ဇူလိုင်လမှာ တွေ့ဖို့က ဘာတစ်ခုမှ အတိအကျ မဟုတ်ပါဘူး။ မိန့်ခွန်းပြောရင်နဲ့ ဦးအောင်မင်းနှုတ်ကနေ လွတ်ကနဲ ထွက်သွားတဲ့ စကားပါကနေ သတင်း မီဒီယာကို ပျံ့ သွားတဲ့ အနေအထားပါပဲ။ ဦးအောင်မင်း နှုတ်က ထွက်တဲ့ စကား ဆိုတော့ မှားတယ်လို့လည်း မပြောလိုပါဘူး။ ဒါပေမယ့် အဲဒါက အတိအကျလည်း မဟုတ်ပါဘူး။

မေး ။     ။ တကယ်လို့ ဇူလိုင်မှာ တွေ့ဖြစ်ခဲ့ရင်ကော KNUဘက်က အခြေအနေ ဘယ်လိုရှိလဲ။

ဖြေ ။     ။ အခုက နှစ်ပိုင်း ဖြစ်နေတယ်။ ဦးအောင်မင်း ပြောတဲ့ စကားက အလုံးစုံ အပစ်အခတ် ရပ်စဲရေး ဆိုတဲ့ စကားလုံးကို သုံးတယ်။ ကျနော်တို့က တပြည်လုံး အပစ်အခတ် ရပ်စဲရေးကို သုံးတယ်။ ဒီအမြင် နှစ်ခု ကလည်း ကွဲလွဲနေပါတယ်။ ကျနော်တို့က အလုံးစုံ အပစ်အခတ် ရပ်စဲရေးကို လက်မခံဘူး။ အဲဒါက တစ်ပြည်လုံးကို မဖော်ဆောင်နိုင် တဲ့အတွက် ဖြစ်တယ်။  တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေးက  အစိုးရဘက်က တာန်ရှိတဲ့ အပေါ်မှာ တိုင်းရင်းသား ဒေသတွေဘက်မှ ထိုးစစ်တွေ မဆင်တော့ပါဘူး။ စစ်အင်အားတွေ မတိုးချဲ့ တော့ပါဘူး။ အခြေအနေကို အာမခံ ပေးနိုင်မယ့် တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေးကို ထုတ်ပြန်ပေမယ် ဆိုတဲ့ အချက်တွေနောက်တစ်ခုက တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေးကို ကြေငြာပေးသည့် အပြင် နိုင်ငံရေးအရ ဆက်သွားမယ်မူဘောင်ကို ရှင်းရှင်းလင်းလင်း မရှိသးဘူး။ ဒါကြောင့် အချိန်နဲ့ တပြေးညီ သတ်မှတ်ချက် သဘော တူညီချက်တွေ ထားရှိရမယ် အဲဒီ အချက်ရမှသာ ကျနော်တို့ တွေ့နိုင်မယ်။

မး။      ။ မူဘောင်ကွာဟနေတယ် ဆိုတာက ဘာကို ဆိုလိုတာလဲ။

ဖြေ ။     ။ အစိုးရဘက် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲ (၈) ချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံပြီးမှ လွတ်တော်ကိုင် ဖို့၊ နိုင်ငံရေး ပါတီ ထောင်ပြီး ရွေးကောက်ပွဲင်ဖို့ရယ်၊ တပ်မတော် တစ်ရပ် ထားဖို့ရယ်။ ဒီအချက်တွေကို လက်မခံနိုင်ဘူး ဖြစ်ပါတယ်။

မေး ။     ။ ဆရာတို့ အနေနဲ့နိုင်ငံရေး ပါတီ ထောင်ဖို့ရှိလား။

ဖြေ ။     ။ တန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့်၊ ဖက်ဒရယ်ဖွဲ့စည်းပုံမပေါ်သရွေ့တော့ နိုင်ငံရေး ပါတီထောင်မှာ မဟုတ်ပါဘူး။




Source -  နော်ဆွိ(Shwe Hin Tha)

Related

news 626980230184534527

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item