New York ဗုဒ္ဓဘာသာ နာရေးကူညီမှုအသင်းများ လက်တွဲလုပ်ဆောင်ရန် အစည်းအဝေးကျင်းပ



ယနေ့ ၃၀-၀၆-၂၀၁၃၊ နံနက်(၁၀)နာရီအချိန်တွင် နယူးယောက်ပြည်နယ်ရှိ နာရေး ကူညီမှုအသင်းများသည် တမြို့နှင့်တမြို့ သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်မှုထားရှိရန်နှင့် နာရေးကူညီမှုလုပ်ငန်းဆောင်တာများ အတူတကွ လက်တွဲလုပ်ကိုင်ဖြေရှင်းနိုင်ရန်ရည်ရွယ်ပြီး အစည်းအဝေးတရပ် ကျင်းပခဲ့သည်။

၎င်းအစည်းအဝေးကို Sylacuse ရှိ နော်သင်းဦး၏ နေအိမ်တွင် ကျင်းပခဲ့ပြီး Albany နာရေးကူညီမှု အသင်းမှ ဥက္ကဌ စောကျော်ဘောနှင့်အဖွဲ့များ၊ Utica မှ  နာရေးကူညီမှုအသင်းဥက္ကဌ စောစိန်တင်နှင့် အဖွဲ့များ၊ Rochester နာရေးကူညီမှုအသင်းဥက္ကဌ စောကျော်ကျော်နှင့်အဖွဲ့များနှင့် Sylacuse မှ ဥက္ကဌ စောကိုကိုလွင်နှင့်အဖွဲ့များအပြင် မြို့ခံကရင်အမျိုးသားအမျိုးသမီးများစွာ တက်ရောက်ခဲ့ပါသည်။



ယနေ့ကျင်းပသောအစည်းအဝေးတွင် နာရေးကူညီမှုအသင်းအဖွဲ့များ စည်းလုံးညီညာစွာဖြင့် လက်တွဲ လုပ်ဆောင်ရန် အလွှတ်သဘောဆွေးနွေးရာတွင် အားလုံးသဘောတူညီမှုရှိကြပြီး Balaffo နှင့် Hart ford မှ ကိုယ်စားလှယ်များမတက်ရောက်နိုင်သောကြောင့် လာမည့်လ အစည်းအဝေးကျမှသာလျှင် အမြဲတမ်းကော်မတီအဖွဲ့ဝင်များ ရွေးချယ်တင်မြောက်ကြမည်ဟု ဆုံးဖြတ်ခဲ့ကြပါသည်။

ထိုအစည်းအဝေးတွင် Albany မှ စောကျော်ဘောက အမေရိကန်ရောက် ဗုဒ္ဓဘာသာကရင်လူမျိုးတို့၏ နာရေးသည် လက်တွဲကူညီရန်လိုအပ်နေရုံသာမက ဗုဒ္ဓဘာသာကရင်လူမျိုးတို့၏ အားနည်းချက်ကို ပြုပြင်ရန်နှင့် အနာဂတ်တိုးတက်ဖွံ့ဖြိုးလာအောင် လမ်ပြပို့ဆောင်ရန်အထူးလိုအပ်နေကြောင်း၊ ထိုသို့ အသင်းအဖွဲ့ ဖွဲ့စည်းခြင်းသည် တခြားဘာသာများကို လျစ်လျူရှု ခွဲခြား၍မဟုတ်ကြောင်း၊ စသော အချက်(၈)ချက်ပါ အကြောင်းအရာများကို အဆိုပြု တင်သွင်းသွားခဲ့ပါသည်။

အခမ်းအနားမှူးအဖြစ် ရှားမူးနာ ဆောင်ရွက်သော ယနေ့ အစည်းအဝေးတွင် Utica မှ ဥက္ကဌ စောစိန်တင်လည်း သြ၀ါဒ စကား ပြောကြားခဲ့ပြီး လမည့်လ အစည်းအဝေးကို Utica မြို့တွင် ကျင်းပသွားမည်ဟုလည်း ဆုံးဖြတ်ခဲ့ကြပါသည်။


Related

news 4843591936043064184

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item