MKO တွင် အမျိုးသမီးတို့၏ အခန်းကဏ္ဍကိုတိုးမြှင့်နေရာပေးလာ.....။
https://albanykarennews.blogspot.com/2013/06/mko.html
MKO ကို စတင်ဖွဲ့စည်းချိန်တုန်းက အမျိုးသားများကသာ ဦးဆောင်ပါဝင်ကြသော်လည်း ယခုအခါ အမျိုးသမီးများကို ပို၍ နေရာပေးလာပြီဖြစ်သည်။
လက်ရှိ MKO တွင် ပရော့ဂျက်တာဝန်ခံနှင့် စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံအဖြစ် နော်အယ်မာကို ဦးဆောင်လုပ်ဆောင်နေပြီး ယခင်က စာရင်းကိုင်အဖြစ်တာဝန်ယူခဲ့သူ(ယခုသြစတျေးလျနိုင်ငံသို့ထွက်ခွါတော့မည့်)နန့်စန္ဒာနေရာတွင်
နော်အယ်စတာမြင့်က စာရင်းကိုင်အဖြစ် တာဝန်ယူဆောင်ရွက်နေပါသည်။
ပြီးခဲ့သောအပတ်တွင် လစ်ဟာနေသည့် အထွေထွေအတွင်းရေးမှူးနေရာကို နော်အယ်ဖိုးအား တာဝန်ယူ
လုပ်ဆောင်ရန် ရွေးချယ်တင်မြောက်ခဲ့ပြီး MKO သမိုင်းတလျှောက်တွင် ပထမဦးဆုံးသော အမျိုးသမီးအတွင်းရေးမှူးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်သည်။
သို့သော်လည်း အဖမ်းအဆီးနှင့် ကွင်းဆင်းရာတွင် တာဝန်ယူလုပ်ဆောင်နေသော လူဟောင်းဖြစ်သူ စယောရှုအောင်နှင့် တွဲဘက်လုပ်ဆောင်မှသာလျှင် အမျိုးသမီးတို့၏ လုပ်ဆောင်မှု အခန်းကဏ္ဍက ပို၍
ထိရောက်မည်ဖြစ်ကြောင်း အမြဲတမ်းကော်မတီအဖွဲ့မှ တိုက်တွန်းခဲ့ကြပါသည်။
ယခုအခါတွင် MKO အဖွဲ့အစည်းတွင် အမျိုးသား အဖွဲ့နှင့် လက်တွဲလုပ်ဆောင်ရန် အမျိုးသမီးအဖွဲ့မှ တက်ကြွမှုရှိနေကြောင်းလည်း သိရပါသည်။
ကိုးဒီသွေး
Post a CommentDefault CommentsFacebook Comments