ကူညီပါရစေ အကျင့်ပျက်ရဲများကို ပြည်သူက ၀ိုင်းဝန်းဖမ်းဆီး

အကျင့်ပျက်ရဲများကို ပြည်သူကဝိုင်းဝန်းဖမ်းဆီး=============================

 ကလေး၊ ဇွန် ၂၁ ယမန်နေ့ ညနေ(၆)နာရီခန့်တွင် ကလေးမြို့၊ ရပ်ကွက်တစ်ခုမှ ကြက်စာဆိုင်ပိုင်ရှင်၏ ခြံဝင်းအတွင်းသို့ လိုင်စင်မဲ့ကားရှိ/ မရှိ စစ်ဆေးမည်ဟုဆိုကာ ခြံအတွင်းသို့ ခွင့်ပြုချက် မရဘဲ ကျော်ဝင်ပြီး ငွေလေးသိန်း တောင်းသည့် မြို့နယ်ရဲစခန်းမှ ရဲတပ်သားနှစ်ဦးကို အထက်ချင်းတွင်း ဒေသလူငယ်များ ကွန်ယက်က စုံစမ်းမေးမြန်း၍ မြို့နယ် ရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြား အပ်နှံခဲ့ကြောင်း သိရသည်။ 

“ကျွန်တော်တို့က သူတို့မှာ ဖမ်းဝရမ်းပါသလား။ ရပ်ကွက် အုပ်ချုပ်ရေးမှူးရော ပါသလား။ ဘယ်သူ့ခွင့်ပြုချက်နဲ့ ဖမ်းတာလဲလို့ တရားဝင် စစ်ဆေးဖမ်းဆီးတာ ဟုတ်/မဟုတ် မေးကြည့်ပါတယ်။

သူတို့မှာ ဖမ်းဝရမ်းလဲ မပါဘူး။ အုပ်ချုပ်ရေးမှူးလည်း မပါဘူး။ ဆိုင်ရှင်ကို မေးကြည့်တော့ အခုရောက်နေတဲ့ လူကြီးတွေကို ဧည့်ခံဖို့အတွက်လို့ ပြောပြီး ငွေလေးသိန်း တောင်းတယ်တဲ့။ ဒါယူနီဖောင်းကို အလွဲသုံးစားလုပ်ပြီး ငွေညစ်တာပဲ။ ဒါနဲ့ကျွန်တော်တို့က မြို့နယ်ရဲစခန်းကို ဖုန်းဆက် အကြောင်းကြားပါတယ်”ဟု အထက်ချင်းတွင်း ဒေသလူငယ်များ ကွန်ယက်မှ ကိုကျော်သက်ဝင်းက ပြောကြားသည်။

 ယင်းသို့ အကြောင်းကြားလိုက်သောကြောင့် ခရိုင်ရဲရုံးမှ ရဲကားရောက်လာ၍ ထိုရဲတပ်သား နှစ်ဦး၌ ပါလာသော လက်ထိပ်နှင့်ပင် ပြန်ခတ်၍ ဖမ်းဆီးသွားကြောင်း သိရသည်။ “အဲ့လိုအကြောင်း ကြားတော့မှ ကျွန်တော်တို့က စားဖို့သောက်ဖို့လေး အတွက်ပဲရရ လာတောင်းတာပါ ဆိုပြီး ပြောလာတယ်။ အစ်ကိုတို့က သုံးသိန်းယူပါ။ ကျွန်တော်တို့က တစ်သိန်းပဲ ယူမယ် ဆိုပြီးတောင် ကျွန်တော်တို့ကိုတောင် လာညှိနေသေးတယ်။ တော်တော်အံ့သြတယ်ဗျာ”ဟု ကိုကျော်သက်ဝင်းက ဆက်လက် ပြောကြားသည်။

 ယင်းကိစ္စနှင့် ပတ်သက်၍ ကလေးခရိုင်ရဲမှူးကြီးက ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ အရေးယူ၍ စုံစမ်းစစ်ဆေးရေး ခုံရုံးတင်ထားပြီဖြစ်ကြောင်း၊ စစ်ဆေးပေါ်ပေါက်ချက်အပေါ် မူတည်၍ ပြစ်ဒဏ်ချမှတ် အရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 ကျော်သူစိုး(ကလေးမြို့) Credit: မြန်မာ့ခေတ်

Related

news 6825665382777697679

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item