၉၆၉ ဂဏန်းဖြင့် စီးပွားရေး လမ်းညွှန် ဝဘ်ဆိုက် တခု တည်ထောင်မည်ဆို။


 မြန်မာ တိုင်းရင်းသား လုပ်ငန်းရှင်များ လုပ်ကိုင်သော စီးပွားရေး လုပ်ငန်းများအား အွန်လိုင်းမှ ရှာဖွေကာ ဝယ်ယူအားပေးနိုင်မည့် လမ်းညွှန် ဝဘ်ဆိုက် တခု၏ အမည်ကို ၉၆၉ ဂဏန်း ထည့်သွင်းကာ
ပေါ်ထွက်မည်ဟု ဝဘ်ဆိုက် တည်ထောင်သူ ကိုကျော်နန္ဒကို က ပြောဆိုသည်။

ဝဘ်ဆိုက်အမည်မှာ www.969business.com ဖြစ်ကာ မြန်မာ အမျိုးသား စီးပွားရေး အင်အားစု ကုမ္ပဏီမှ တရားဝင် လွှင့်တင်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကျနော်တို့ ၅ လပိုင်း နောက်ဆုံးပတ်လောက်က စလုပ်တာပါ။ လူ လေးယောက်နဲ့ စဖွဲ့တာပေါ့။ ရည်ရွယ်ချက် ကတော့ မြန်မာ တိုင်းရင်သားပိုင် လုပ်ငန်းများ နိုင်ငံတကာကို ထိုးဖောက်နိုင်ရေး၊ အချင်းချင်း ချိတ်ဆက်ပြီး တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်နိုင်ရေး၊ နည်းပညာ အကူအညီ ပေးနိုင်ရေး၊ လူငယ်များအတွက် အလုပ်အကိုင် ဖန်တီးပေးရေး၊ ကုန်ဈေးနှုန်း ကျဆင်းစေရန် ဆောင်ရွက်ရေး စတဲ့ ၁၁ ချက် ဖြစ်ပါတယ်” ဟု ဆိုသည်။

ဝဘ်ဆိုက် ထူထောင်နိုင်ရန် အကျိုးတူ ပါဝင်မည့် ရှယ်ယာရှင်များအား ရှယ်ယာ တစုလျှင် ၁,၀၀၀ နှုန်းဖြင့် ပါဝင်ရန် ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။

ထိုဝဘ်ဆိုက် ပေါ်ပေါက်လာခြင်းမှာ မြန်မာ တိုင်းရင်းသား လုပ်ငန်းရှင်များ အနေဖြင့် ၎င်းတို့ ကုန်ပစ္စည်းကို ဝယ်ယူကြရန် ဖိတ်ခေါ်ခြင်း သဘောသာဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင် ဇောတိက ဦးခင်လှိုင် က ဆိုသည်။

“ဗမာ တိုင်းရင်းသား လုပ်ငန်းရှင်တွေ အနေနဲ့ သူ့ဟာကို အားပေးပါဆိုတဲ့ ပုံမျိုးပဲ။ ဒါကို အွန်လိုင်းကပဲ လုပ်လုပ် ကောင်းပါတယ်။ ဒါပေမယ့် ၉၆၉ ဆိုတာကတော့ ဘာသာရေး သင်္ကေတ တခုပေါ့။ ဒါကြောင့် မြန်မာ စီးပွားရေး လုပ်ငန်းလို့ သုံးလို့ မရဘူး။ ဗုဒ္ဓဘာသာ စီးပွားရေး လုပ်ငန်းလို့ သုံးရမှာ” ဟု ဦးခင်လှိုင် က ထောက်ပြသည်။

အခြား ဘာသာဝင်များ လုပ်ကိုင်သော စီပွားရေးလုပ်ငန်းများအပေါ် ထိုဝဘ်ဆိုက် ထွက်ပေါ်လာခြင်းကြောင်း ထိခိုက်မှု မရှိနိုင်ကြောင်း အစ္စလာမ်ဘာသာဝင် တဦးဖြစ်သည့် စီပွားရေးလုပ်ငန်ရှင် ဦးရွှေကြည် က ဆိုသည်။

“ဒီလုပ်ရပ်ဟာ နိုင်ငံမှာရှိတဲ့ အခြေခံ လူတန်းစားတွေ အတွက်လည်း ဘာထိခိုက်မှုမှ မရှိနိုင်ဘူး။  မြန်မာလူမျိုး ၉၀ ရာခိုင်နှုန်းက ဝဘ်ဆိုက်တို့ ဘာတို့က ဈေးမဝယ်တက်ပါဘူး။ ၁ ကျပ်တန် ပစ္စည်းကို ၁၀ ပြားနဲ့ ရောင်းမှ ဝယ်မှာပါ။ ၉၆၉ ပြောပြော၊ ၇၈၆ ပြောပြော ဘယ်သူမှ ကြည့်မှာ မဟုတ်ပါဘူး။ အခုခေတ်က စီးပွားရေး ပြိုင်ဆိုင်မှုပဲ ရှိပါတယ်။ ဆက်ဆံရေး ပြိုင်ဆိုင်မှုတွေက မရှိတော့ပါဘူး။ ဝယ်တဲ့သူ ရွေးချယ်ခွင့်က အဓိက ကျတာပါ” ဟု သုံးသပ်သည်။

အဆိုပါ ဝဘ်ဆိုက်မှာ လက်ရှိ သတင်းရေးသားချိန်တွင် ဆိုင်းငံ့ထားကြောင်းသာ တွေ့ရှိရပြီး ဇွန်လကုန်ပိုင်းတွင် စတင်ဖွင့်နိုင်မည်ဟုလည်း သိရှိရသည်။

၉၆၉ တံဆိပ်အား သာဿနာ ညှိးနွမ်းမည့် နေရာများတွင် အသုံးမပြုရန် ဇွန်လ ၁၄ ရက်နေက မှော်ဘီမြို့နယ် တွင် ပြုလုပ်သော သံဃာတော်များ သြဝါဒ ခံယူပွဲနှင့် ညှိနှိုင်းဆွေးနွေးပွဲမှ တားမြစ်ခဲ့သည်။

Source - မဇ္ဈိမ

Related

news 3592390810559078726

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item