တိုင်းရင်းသားများ လက်နက်ကိုင်နေခြင်းသည် ပြည်ထောင်စုမှ ခွဲထွက်ရန်မဟုတ်ဟု ဒု-ဗိုလ်ချုပ်ကြီး ရွက်ဆစ်ဆို။
https://albanykarennews.blogspot.com/2013/06/blog-post_4543.html
ရှမ်းပြည်တပ်မတော် RCSS/SSA ၏ ဒု-ဗိုလ်ချုပ်ကြီး ရွက်ဆစ်နှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ် စဝ်အောင်မြတ် အပါအဝင် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ တွေ့ဆုံရာတွင် တိုင်းရင်းသားများ လက်နက်ကိုင်နေခြင်းသည်
ပြည်ထောင်စုမှ ခွဲထွက်ရန်မဟုတ်ဟု ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောဆိုလိုက်သည်။
ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးတွင် တွေ့ ဆုံဆွေးနွေးခဲ့သည်ကိုရည်ညွှန်းကာ ''အဓိက ကတော့ ကျွန်တော်တို့ လက်နက်ကိုင်တိုက် ပွဲများ ဆင်နွှဲနေတာဟာ ပြည်ထောင်စုကနေ ခွဲထွက်ဖို့ မဟုတ်ဘဲ စစ်မှန်တဲ့ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ တည်ဆောက်ပြီးတော့ တိုင်းရင်းသားတွေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိဖို့တွေ ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရာမှာလည်း လက်နက်ကိုင်တွေကော၊ ပါတီတွေကော၊ အားလုံးအတူ ပြည်သူတွေနဲ့ ပူးပေါင်းပါဝင်ဖို့ ကျွန် တော်တို့ ပြောဖြစ်ပါတယ်'' ဟု ဒု-ဗိုလ်ချုပ် ကြီး ရွက်ဆစ်က မဇ္ဈိမကို ပြောသည်။
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌလည်းဖြစ်သည့် ဒု-ဗိုလ်ချုပ်ကြီး ရွက်ဆစ် က ရှမ်းပြည် တိုးတက်ရေးအတွက် ရေရှည် လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့သည် ဟုဆိုသည်။
ယင်းနောက် ဒု-ဗိုလ်ချုပ်ကြီး ရွက်ဆစ် နှင့်အဖွဲ့သည် တောင်ကြီးမြို့ ကျားဖြူပါတီ ရုံးခန်းတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီး စိုင်းအိုက်ပေါင်း၊ လမ်းပန်းဆက် သွယ်ရေးဝန်ကြီး စိုင်းနော်ခမ်း၊ ဒေသခံတိုင်း ရင်းသားပါတီများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့နှင့်လည်း တွေ့ဆုံခဲ့သည်။
ဦးရွက်ဆစ်နှင့်အဖွဲ့သည် ဇွန်လ ၁ဝ ရက်တွင် နေပြည်တော်သို့သွားရောက်ကာ သမ္မတ ဦးသိန်းစိန်နှင့်
တွေ့ဆုံခဲ့သေးသည်။ ယင်းအပြင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးတို့နှင့် လည်း ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့သည်။
Source - မဇ္ဈိမ

Post a CommentDefault CommentsFacebook Comments