မလေးရှားနိုင်ငံဆိုင်ရာမြန်မာသံရုံး၏ မျက်နှာလွှဲခဲပစ် သိက္ခာမဲ့လုပ်ရပ်များ ကျူးလွန်နေခြင်း





 မြန်မာ့အမျိုးသားရေးလူမှုကွန်ရက်ကော်မတီ {မလေးရှားနိုင်ငံ}
 Myanmar Nationalistic Social Network Committee, Malaysia

 စာအမှတ်။ ။ ၃ / ၂၀၁၃
နေ့စွဲ။ ။ ၁၈.၆.၂၀၁၃

 မလေးရှားရောက် မြန်မာနိုင်ငံသားအတော်များများသည် ပြီးခဲ့သည့်ရက်သတ္တပတ်က ဒုအ လုပ်သမားဝန်ကြီး၊ဒုနိုင်ငံခြားရေးဝန်ကြီးတို့ စီစဉ်ပေးခဲ့သည့်အတိုင်း မြန်မာပြည်သို့ပြန်ရန် မလေးရှားရှိနေရာဒေသအသီးသီးမှ အားကိုးတကြီးဖြင့် မြန်မာသံရုံးသို့သွားရောက်၍မိခင် တိုင်းပြည်သို့ပြန်ရန် ကြိုးပမ်းအားထုတ်နေကြသော်လည်း ယခုအခါ ထိုသူတို့သည် မလေး ရှားနိုင်ငံဆိုင်ရာမြန်မာသံရုံး၏ မျက်နှာလွှဲခဲပစ် သိက္ခာမဲ့လုပ်ရပ်များကို အောက်ဖော်ပြပါအ ချက်များဖြင့် အခက်အခဲတွေ့ကြုံနေရကြောင်း ကြားသိနေရပါသည်။

၎င်းတို့မှာ-

 (၁) သံရုံးမှ တနေ့လျှင် မြန်မာနိုင်ငံသို့ပြန်မည့် လူဦးရေ၂၀ ကိုသာလျှင် ကန့်သတ်၍ CI (Certificate of Identity) ထုတ်ပေးနေခြင်း။ (၂) ပြည်တော်ပြန်ရန်အတွက် မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း ၊အေးဂျင့်တို့အား သံရုံးကိုယ်စား ဆက်သွယ်ဆောင်ရွက်ပေးနေသည်ဟု တိကျသည့်စီစဉ်ထုတ်ပြန်မှုမရှိခြင်း။

(၃) သံအမတ်၊စစ်သံမှူး၊ဒုဝန်ကြီးနှစ်ဦးနှင့်မလေးရှားအစိုးရတို့ မြန်မာနိုင်ငံပြန်မည့် မြန်မာနိုင်ငံသား များအတွက်တိကျသည့် အစီအစဉ်ဆောင်ရွက်ထားမှုများ ကတိက၀တ်များကို အများပြည်သူသိ အောင် ယနေ့အချိန်ထိ သံရုံးမှ ထုတ်ပြန်ကြေငြာချက် မရှိသေးခြင်း။

 (၄) အချို့မြန်မာနိုင်ငံသားများသည် CI ရရှိ၍ ပူထရာဂျာယာရှိ မလေး လ၀ကရုံးချုပ်သို့ သွားရောက် ၍ အကြောင်းကြား၊ဓာတ်ပုံရိုက်၊လက်ဗွေနှိပ်၊Overstay ကြေးRM400 ပေးဆောင်ရမည်ဆိုသည့် လုပ်ရိုးလုပ်စဉ်များကို သံရုံးနှင့်သတင်းမီဒီယာများထံမှ သိရှိရသော်ငြားလည်းဘဲ အမှန်တကယ် သွားရောက်လုပ်ဆောင်သည့်အခါ တိုကင်နံပါတ်ပြားတခုပေါ်တွင် သက်ဆိုင်သည့်နံပါတ်ရိုက် နှိပ်၍ နောက်ထပ်သုံးလကြာမှ မလေးရှား လ၀ကရုံးချုပ်သို့ ပြန်လည်လာရောက်ရန်ဟူသည့် အ ခက်အခဲတို့ဖြင့် တားဆီးခံနေရခြင်း။

 (၅) မလေးရှားလ၀ကမှ တိုကင်နံပါတ်မှလွဲ၍ အထူး Special Pass စာရွက် မထုတ်ပေးသဖြင့် သုံးလဆိုသောအချိန်ကာလအတွင်း အချိန်မရွေးဖမ်းဆီးထောင်ချခံရမည့်အရေးကို ရင်ဆိုင် တွေ့ကြုံနေရခြင်း။

 (၆) မလေးရှားရောက် မည်သို့သောမြန်မာနိုင်ငံသား အမျိုးအစားအမျိုးမျိုးအပေါ် မည်သို့သောအဖွဲ့ အစည်း လူပုဂ္ဂိုလ်တို့ဖြင့် မည်သို့မည်ပုံချိတ်ဆက်ဝန်ဆောင်မှုပေးရမည်ကို မြန်မာသံရုံးကိုယ် တိုင်က မသိကျိုးကျွန်ပြုလစ်လျူရှုနေခြင်း၊ ညွန်ကြားလမ်းညွှန်မှုမရှိခြင်း၊ ကြော်ငြာသင်ပုန်းကပ် ၍ ဆောင်ရွက်မှုမပေးသည့်အပြင် သံရုံးပွဲစားများဖြင့် ပြည်တော်ပြန်မည့်သူများအား ရက်ပိုင်းအ တွင်းပြန်လိုပါက RM 1400 မှ 1500 ထိ တောင်းခံနေခြင်း စသည့်အရေးတို့ကို ရင်ဆိုင်ကြုံတွေ့ နေရကြောင်း သိရှိရပါသည်။

 မြန်မာ့အမျိုးသားရေးလူမှုကွန်ရက်ကော်မတီ {မလေးရှားနိုင်ငံ}
 Myanmar Nationalistic Social Network Committee, Malaysia 

 အထက်ပါဖြစ်ရပ်နှင့်ပတ်သက်၍ မိတ္တူကို နိုင်ငံတော်သမ္မတရုံး၊ အလုပ်သမားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မလေးရှားနိုင်ငံမြန်မာသံရုံးသို့ လိပ်မူပေးပို့ထားပါသည်။

Related

statement 8714494039624983735

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item