မျှော်လင့်ခြင်းများပြန်လည် ဆုပ်ကိုင်ခြင်း ခေါင်းစဉ်ဖြင့် ကမ္ဘာ့ဒုက္ခသည်များနေ့ကို AKO ကျင်းပ။


DSC_0416


သြစတြေးလျအခြေစိုက် သြစတြေးလျကရင် အဖွဲ့အစည်း(AKO)မှ ကြီးမှူး၍ “မျှော်လင့်ခြင်း များပြန်လည်ဆုပ်ကိုင်ခြင်း” (Restoring Hope) ခေါင်းစဉ်ဖြင့် ကမ္ဘာ့ ဒုက္ခသည်များနေ့ အခမ်းအနားကို သြစတြေးလျားနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ Villawood Senior Citizen Hall တွင် ဇွန်လ ၂၂ နေ့ရက်က ပြုလုပ်ကျင်းပ ခဲ့သည်။
မြန်မာနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် အတိဒုက္ခရောက်နေကြသော မြန်မာပြည်အရှေ့ဖက်အခြမ်းနှင့် မြောက်ဖက် ခြမ်းရှိ ရွာပုန်းရွာရှောင် အိုးအိမ်မဲ့ ပြည်တွင်းဒုက္ခသည်များကို သြစတြေးလျား အစိုးရ၏ ဒုက္ခသည်များ ပြန်လည်နေရာချ ထားရေးဆိုင်ရာ အစီအစဉ်နှင့် (IHSS)ခေါ် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားရေးအဖွဲ့အနေဖြင့် သြစ တြေးလျားနိုင်ငံသို့ ပိုမိုခေါ်ဆောင်လာနိုင်ရန်နှင့် နယ်စပ်ဖြတ်ကျော်ကူညီမှုများ ပိုမိုပေးလာနိုင်ရန် ရည်ရွယ်၍ အခမ်းအနား ကို ကျင်းပရခြင်းဖြစ်သည်ဟု သိရသည်။
နေ့လည် ၁၁နာရီမှ ညနေ ၂နာရီအထိ ကျင်းပခဲ့သည့် ယင်းအခမ်းအနားတွင် သြစတြေးလျား ယဉ်ကျေးမှုနှင့် ပြန်လည်နေ ရာချထားရေးဆိုင်ရာ ပါလီမန်ကိုယ်စားလှယ်၊ နိုင်ငံခြားရေးရာ ပါလီမန်အမတ်များ၊ ရွှေ့ပြောင်းနိုင်ငံခြားသားများ၊ ကချင် တိုင်းရင်းသားများ၊ Burmese Muslim Association(BMA)မှ ကိုယ်စားလှယ်များ၊ သြစတြေးလျားလုပ်ငန်းရှင်များ၊ နိုင်ငံရေး အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ သြစတြေးလျားရောက် မြန်မာဒုက္ခသည်များနှင့် ဖိတ်ကြားထားသော ဧည့် သည်များ စုစုပေါင်း ၂၅၀ကျော် တက်ရောက်ခဲ့ကြသည်။
AKO ဥက္ကဌ စောလွင်ဦးက “ဒုက္ခသည်အရေးဟာ မြန်မာ့နိုင်င်ငံရေးနဲ့ ဆက်နွယ်တယ်။ အပစ်ခတ်ရပ်စဲရေးတွေ ဘယ်နှစ်ဖွဲ့ နဲ့ပဲ လုပ်ထား၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်း မရှိသရွေ့ ဒုက္ခသည် ပြန်လည်နေရာချထားရေးအစီအစဉ်ကို လက်မခံနိုင်စရာ ဖြစ်တယ်။ အထူးသဖြင့် လူမျိုးစု မျိုးတုန်းရေးပေါ် အခြေခံတဲ့ မြန်မာ့တပ်မတော်ရဲ့ စနစ်ဆိုးတွေကြောင့် မြန်မာပြည်အရှေ့ဖက်ခြမ်း၊ မြောက်ဖက်ခြမ်းက ကရင်၊ ကချင်တိုင်းရင်းသားဒုက္ခသည်တွေဟာ ဌာနေမဲ့ဘဝများ ရောက်နေ ကြရပါတယ်”ဟု အခမ်းအနားတက်ရောက်သူများအား ပြောကြားခဲ့သည်။
သြစတြေးလျားအခြေစိုက် Kachin Association Australia (KAA)၏ ကိုယ်စားလှယ်ဖြစ်သူ ကချင်အမျိုးသမီး စန်းမော်လ ဖိုင်ကလည်း “မြန်မာ့စစ်တပ်ဟာ ကချင်တိုင်းရင်းသားတွေအပေါ် မုဒိမ်းလိုင်စင်ရထားသလို ပြုမူဆက်ဆံ အနိုင်ကျင့်နေတာ ကို ရပ်တန့်ဖို့လိုတယ်။ UN အဖွဲ့အစည်းများရဲ့ အကူအညီပေးရေးအစီအစဉ်တွေကိုလည်း လမ်းကြောင်းတွေ ဖွင့်လှစ်ပေး သင့်ပါတယ်”ဟု ပြောကြားသွားခဲ့သည်။
ထို့အပြင် အခမ်းအနားတွင် ကချင်အက၊ မြန်မာတပင်တိုင်အက၊ ကရင့်တေးသီချင်း၊ ဒုက္ခသည်ဘဝအလွမ်း သီချင်းသီဆို ခြင်း စသည့် ဖျော်ဖြေတင်ဆက်မှုများရှိသလို ပြည်တွင်းအိုးအိမ်မဲ့(IDP)များအတွက် စေတနာရှင်များ၏ ကူညီငွေများ၊ အခမ်းအနားတွင် ဈေးရောင်းပွဲပြုလုပ်ခဲ့ပြီး ၎င်းမှ ရရှိလာသည့် ရန်ပုံငွေများကို နယ်စပ်ရှိ IDP ဒုက္ခသည်ကူညီစောင့်ရှောက် ရေးအဖွဲ့သို့ ပေးအပ်သွားမည်ဖြစ်သည်။
အခမ်းအနားတက်ရောက်သူ စောမိုးဇော်က “ဟို(မြန်မာနိုင်ငံ)မှာက ဘာကိုမှ သေသေချာချာ မမျှော်လင့်ရဲခဲ့ဘူး။ ဒီရောက် တော့ ပိုလွတ်လပ်လာတယ်။ ပိုပြီးတော့ မျှော်လင့်ရဲလာတယ်ပေါ့ဗျာ။ “မျှော်လင့်ခြင်းများပြန်လည် ဆုပ်ကိုင်ခြင်းဆိုတဲ့ ဒီနေ့ ခေါင်းစဉ်အတိုင်း ကျန်ဒုက္ခသည်များလည်း အမြန်ရရှိလာစေချင်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
သြစတြေးလျားလုပ်ငန်းရှင်တဦးကလည်း ဒုက္ခသည်များအပေါ်စာနာကြောင်းနှင့် တတိယနိုင်ငံသို့ ရောက်လာသော ဒုက္ခ သည်များကိုလည်း တတ်စွမ်းသမျှကူညီပြီး အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်များ ရှာဖွေပေးသွားမှာဖြစ်ကြောင်းပြော ရင်း AKO မှတဆင့် အခမ်းအနား၌ ဒုက္ခသည်ရံပုံငွေများ ပေးအပ်ခဲ့သည်။
သြစတြေးလျားနိုင်ငံတွင် AKO က ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနားကို ၂၀၀၈ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုဆို လျှင် ခြောက်ကြိမ်ရှိပြီး ဖြစ်သည်။


Source - စောကျော်ခွီး (ကေအိုင်စီ)

Related

news 7321826573384049141

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item