KNU ခေါင်းဆောင်နော်စီဖိုးရာစိန် ကားမှောက်လို့ ဒဏ်ရာပြင်းထန်

KWO အခမ်းအနားကိုတက်ရောက်ခဲ့သည့် ပဒိုနော်စီဖိုးရာစိန်နှင့် ခလယ့်ဒေး စခန်း။ 
ဓာတ်ပုံ-ပြည်တော်မြင့်/ဧရာဝတီ။
- See more at: http://blog.irrawaddy.org/2013/04/knu.html#sthash.0qOTIwOE.63AR2tMf.dpuf
ကရင် အမျိုးသား အစည်း အရုံး KNU အဖွဲ့၏ ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန်သည် ယမန်နေ့ မွန်းလွဲပိုင်း ၂ နာရီ ကျော်ကဖြစ်ပွားခဲ့သည့် မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ဒုဥက္ကဌနှင့်ယာဉ်မောင်းအပါအ၀င် စီနှင်းလိုက်ပါလာသူများ ၇ ဦး ဒဏ်ရာရ ရှိခဲ့ကြသည့်နက် ဒု ဥက္ကဌမှာ ဘယ်ဘက်လက်ကျိုးပြီး ညာဘက်နံရီုးအချို့လည်းကျိုးသွားခဲ့သည်။ ဒဏ်ရာပြင်းထန်သည့်ကျန်အမျိုးသမီး ၂ ဦးအနက်တဦးမှာ ဘယ်ခြေကျိုးသွားကာ ကျန်တဦးမှာခြေ ၂ဘက် စလုံး ကျိုးသွားခဲ့သည်။

ယာဉ်မောင်းအပါအ၀င်ကျန်လူများမှာ ဒဏ်ရာပြင်ထန်မှုမရှိကြောင်းသိရှိရပြီး ၎င်း မော်တော်ယာဉ်မှာ ထိုင်း-မြန်မာနယ်စပ်မယ်လမတ်မြို့နယ်ရှိ ကနဲကျုအရပ်ရှိ ကားလမ်းမှ တဆင့် ချောက် ထဲသို့ ထိုးကျသွားခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများသည် မဲဆောက်ဆေးရုံကြီးတွင်ဆေးဝါး ကုသမှုခံယူလျှက်ရှိပြီး ချောက်ထဲမှ ကားကိုပြန် လည် ထုတ်ယူနိုင်ခြင်းမရှိသေးဘဲ ၎င်းယာဉ်မတော်တဆမှုကို ဒေသ အပိုင်ရဲ ဌာနမှ အရေးယူထားသည်။

 KNU ဒုဥက္ကဌနှင့်အဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၇ လက်အောက်ခံ တပ်ရင်း ၂၁ အခြေစိုက်ရာ ခလယ့်ဒေးတပ်စခန်းတွင် ယမန်နေ့က ပြုလုပ်သည် ၂၈ နှစ်မြောက် ကရင် အမျိုးသမီး အစည်းအရုံး KWO ၏ နှစ် ပတ်လည်အခမ်းအနားမှအပြန်တွင် ယာဉ်တိမ်းမောက်မှုဖြစ်ပွားခြင်းဖြစ်သည်။

ယာဉ်တိမ်းမှောက်ရာနေရာသည် မဲဆောက်မြို့၏မြောက်ဘက်ကီလိုမိတာ ၅၀ ခန့်တွင်ဖြစ်ပြီး မယ်လ မတ်မြို့နယ် နှင့်ထာ့ဆောင်ယမ်းမြို့နယ်အစပ်တွင်တည်ရှိသည်။ နောက်ဆုံးရရှိသည့်သတင်းအရ ယာဉ်မောင်းဖြစ်သူစောအယ်မူးသည် နံရိုး ၃ ချောင်းကျိုးသွားပြီး မဲဆောက် ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျှက်ရှိသည်။

 ပြည်တော်မြင့် ~ -

Related

news 8026792575980213249

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item