Champions League ဆီမီးဖိုင်နယ်ပွဲစဉ်များ။


ဥရောပချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်တွေ ထွက်ပေါ်လာပါပြီ။
ဥရောပဘောလုံးအဖွဲ့ချုပ်မှာ သောကြာနေ့တုန်းက ဆီးမီးဖိုင်နယ်တက်လာတဲ့ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ် နဲ့ ဘိုရိုစီးယားဒေါ့မန် အသင်း ၄ သင်းကို မဲနှိုက်ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

စပိန်က ဘာစီလိုနာက ဂျာမနီက ဘိုင်ယန်မြူးနစ် နဲ့ ကစားရမှာဖြစ်ပြီး၊ Special One ဂျိုးဆေးမိုရင်ညိုရဲ့ ရီးယဲလ်မက်ဒရစ်ကတော့ အုပ်စုပွဲတုန်းက သူတို့ နဲ့ တအုပ်စုတည်းကျခဲ့တဲ့ ဘိုရုစီးယားဒေါ့မန် နဲ့ ကစားရမှာပါ။

ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ဧပြီး၂၃ ရက်နေ့ နဲ့ ၂၄ ရက်နေ့တွေမှာ ကစားမှာဖြစ်ပြီး၊ ဒုတိယအကျော့ကိုတော့ ဧပြီ ၃၀ နဲ့ မေလ ၁ ရက်နေ့တွေမှာ ကစားကြမှာဖြစ်ပါတယ်။ ၂ ပွဲစလုံး ပထမအကျော့ကို ဂျာမနီမြေမှာ အရင်ကစားရမှာဖြစ်ပြီး၊ ဒုတိယအကျော့ကို စပိန်မြေမှာ ကစားကြမှာဖြစ်ပါတယ်။

ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ချယ်ဆီး နဲ့ ဘာဆယ် တွေ့မှာဖြစ်ပြီး ဖီနာဘာချေကတော့ ပေါ်တူဂီက ဘန်ဖီကာ နဲ့ ကစားရမှာဖြစ်ပါတယ်။ 
 
ဗွီအိုအေ

Related

news 4074590231405276397

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item