လေပြင်းတိုက်ခတ်ပြီး မိုးကြိုးပစ်မှုကြောင့် ကျုံဒိုးမီးပုံပွဲဒုံးစင်ပျက်စီး

၁၃-၄-၂၀၁၃ ရက်နေ့ ၀၆၃၅ အချိန် မိုးရွာသွန်း၍ လေပြင်းများတိုက်ခတ်ပြီး မိုးကြိုးပစ်မှုကြောင့် ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အမှတ်(၂)ရပ်ကွက်၊ စည်ပင်ဈေးအနီးရှိ ဆုတောင်းပြည့်စေတီ၏ ထီးတော်သည် အနောက်ဘက်သို့ ၅ ဒီကရီခန့် တိမ်းစောင်းသွားခဲ့သည်။

ထို့ပြင် ထိုနေ့ ထိုအချိန်တွင်ပင် ကျုံဒိုးမြို့အမှတ်(၁) ရပ်ကွက်၊ ကျုံဒိုးမီးပုံးပျံပွဲပြုလုပ်သည့် ဒုံးစင်၏ နောက်ခံအုတ်တံတိုင်းလည်း ပြိုလဲသွားခဲ့သည်။ အလားတူ ထိုနေ့ ထိုအချိန်၌ပင် ကျူံဒိုးမြို့အမှတ်(၂)ရပ်ကွက်နေ ဦးမြတ်သိန်း (၆၃)နှစ်၏ ထရံကာ/ပျဉ်ခင်း /သွပ်မိုး နေအိမ်နှင့် ဦးဝင်းသိန်း (၄၈)နှစ်၏ ထရံကာ/ပျဉ်ခင်း/သွပ်မိုး နေအိမ်နှစ်လုံးကြားရှိ လုံးပတ် ၃ ပေခွဲခန့်ရှိသော ဂွေးပင်လဲကျ၍ ၎င်းင်းနေအိမ်နှစ်လုံးယိုင်နဲ့သွားခဲ့သည်။

ထို့ပြင်လေပြင်းတိုက်ခတ်မှုကြောင့် ကျူံဒိုးမြို့အမှတ်(၃)ရပ်ကွက်ရှိ ဦးစံသိန်း (၇၇)နှစ်၏ ထရံကာ/ ပျဉ်ခင်း/သွပ်မိုး နေအိမ်၊ ဦးခင်မောင်အေး (၃၁)နှစ်၏ ဖက်မိုး/ဖက်ကာ/၀ါးခင်းနေအိမ်၊ ကိုကိုလွင် (၂၆)နှစ်၏ ဖက်မိုး/ဖက်ကာ/၀ါးခင်းနေအိမ်၊ သန်းထိုက်ဦး (၂၄)နှစ်၏ ဖက်မိုး/ဖက်ကာ/၀ါးခင်းနေအိမ် ၄ လုံးမှာလည်း ပြိုလဲသွားခဲ့ကြောင်းသတင်းရရှိသည်။

Related

news 1622989377868325794

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item