ကချင်အရေးမှာ အမေရိကန်ကို တရုတ်မလိုလား။
https://albanykarennews.blogspot.com/2013/04/blog-post_8.html
မြန်မာအစိုးရငြိမ်းချမ်းရေးဖေါ်ဆောင်မှုကော်မီတီနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုတို့ကြားဆွေးနွေးမှု မှာ ကုလသမဂ္ဂ၊အင်္ဂလန်နဲ့ အမေရိကန်တို့ပါဝင်မှာကိုတရုတ်အစိုးရက ကန့်ကွက်လိုက်ပါတယ်။တရုတ်နိုင်ငံ ရဲ့ ဒီလိုကန့်ကွက်မှုကြောင့် ဧပြီလ(၆)ရက်နေ့မှာ ပြုလုပ်ဖို့စီစဉ်ထားတဲ့ဆွေးနွေးပွဲအစီအစဉ်ကို ရွှေ့ဆိုင်း လိုက်ရတာဖြစ်တယ်လို့လည်း ကချင်လူထုအခြေပြုအဖွဲ့အစည်း(၁၃)ခုက ပူးတွဲထုတ်ပြန်တဲ့ကြေငြာချက် ထဲမှာဖေါ်ပြထားပြီး တရုတ်ရဲ့ဝင်ရောက်စွက်ဖက်မှုကိုကန့်ကွက်ထားပါတယ်။
![]() |
| ရွှေလီတွင်ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲ။ |
အဲ့ဒီကြေငြာချက်ထဲမှာ ဗြိတိန်နဲ့ အမေရိကန်တို့ဆွေးနွေးပွဲထဲမှာပါဝင်လာမယ်ဆိုရင် တရုတ်နိုင်ငံကဆွေး
နွေးပွဲမှာဆက်လက်ပါဝန်တော့မှာမဟုတ်တဲ့အပြင် သူတို့မပါပဲ ဗြိတိန်နဲ့ အမေရိကန်တို့ပါဝင်တဲ့ဆွေးနွေးပွဲ ဆက်လုပ်မယ်ဆိုရင်လည်း တရုတ်အစိုးရအနေနဲ့ကန့်ကွက်မယ်လို့ပြောတာကိုဖေါ်ပြထားပါတယ်။
အဲ့ဒီဆွေးနွေးပွဲကို မြစ်ကြီးနားမြို့မှာပြုလုပ်ဖို့စီစဉ်ထားတာကြောင့် ပထမဆုံးအကြိမ်မြန်မာနိုင်ငံအတွင်းမှာ
ပြုလုပ်မယ့် ဆွေးနွေးပွဲလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ(၁၁)ရက်နေ့ တရုတ်နိုင်ငံရွှေလီမြိုမှာပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲတုန်းက ကုလသမဂ္ဂ၊ဗြိတိန်နဲ့ အမေရိကန်နိုင်ငံအပြင် တရုတ်ကိုပါလေ့လာသူအဖြစ်ဖိတ်ဖို့ သဘောတူခဲ့ပြီးသားလည်းဖြစ်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ တခြားပြည်ပနိုင်ငံတွေ ဆွေးနွေးပွဲမှာပါဝင်လာမှာကိုမလိုလားတာသေချာတယ်လို့ ကချင်ပြည်နယ်ငြိမ်းချမ်းရေအကျိုးဆောင်အဖွဲ့ PCG မှဦးဆန်းအောင်ကပြောပါတယ်။နောက်တစ်ကြိမ်ဆွေး
နွေးပွဲမှာလည်း တရုတ်ဘက်ကအလားတူကန့်ကွက်လာမယ်ဆိုရင် ဆွေးနွေးပွဲဖြစ်ဖို့နှောင့်နှေးနိုင်တယ်လို့ ဦးဆန်းအောင်ကပဲ ဆက်ပြီးပြောသွားပါသေးတယ်။
ကြေငြာချက်ထုတ်ပြန်တဲ့အဖွဲ့ထဲမှာပါဝင်တဲ့ Kachin Legal Aid Network အဖွဲ့က ရှေ့နေဦးမာခါးကတော့ သူတပါးပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ဖူးဆိုတဲ့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနယ်နိမိတ်အတွင်း ကျင်းပမယ့်ဆွေးနွေးပွဲကို ၀င်ရောက်ကန့်ကွက်မှုမျိုးမလုပ်သင့်ဘူးလို့ ပြောပါတယ်။
Source - BBC
Photo - Google Image

Post a CommentDefault CommentsFacebook Comments