မလေးရှားမှာ အရက်တုသောက်ပြီး သေဆုံးသူ ၂၀ကျော်ရှိ

 
မလေးရှားတွင် မြန်မာအလုပ်သမားအချို့ အရက်တုကြောင့် သေဆုံး

 ဒီဗွီဘီ Published on April 3, 2013 by ရွှေအောင်

မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားတချို့ မြန်မာအရက် အတုတွေ သောက်မိပြီး သေဆုံးတာတွေ ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

မလေးရှားနိုင်ငံ ကွာလမ်လာပူမြို့ ပူချွန်း၊ ဗလက်ကောင်း၊ ဆာတန်း ရပ်ကွက်တွေနဲ့ ပီနန်မြို့မှာ အရက်အတုတွေသောက်ပြီး သေဆုံးတာလို့ မလေးရှားနိုင်ငံ နှလုံးလှပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ကိုစန်းမင်းဦးက ပြောပါတယ်။ "တော်တော်များသေကြတယ်။ ၂ ယောက်တွဲ၊ ၃ ယောက်တွဲ။ ဒီနေ့ည သောက်ပြီး နောက်နေ့မနက် သေတာရှိတယ်။ ဒီနေ့ညသောက် ညသေတာလည်း ရှိတယ်။ အရက်တုတွေက မလေးရှားမှာရှိတဲ့ မြန်မာတွေပဲ ထုတ်တာ။ မြန်မာနဲ့ တရုတ်တွေ ပေါင်းထုတ်တာ။

" သူတို့တဖွဲ့ထဲက သဂြိုင်္လ်ပေးခဲ့ရတဲ့ အရက်အတုသောက်မိပြီး သေဆုံးသူ ၅ ဦး ရှိသွားပြီလို့ ပြောပါတယ်။ အရက်အတုရောင်းတဲ့ဆိုင်တွေက မြန်မာဆိုင်တွေပဲဖြစ်ပြီး သောက်တဲ့ သူတွေကလည်း မြန်မာအလုပ်သမားတွေပဲ ဖြစ်ပါတယ်။ ဒီအရက်အတုတွေဟာ ၁ ပုလင်း ၈ ရင်းဂစ်လောက်ပဲ ရှိပြီး ဈေးပေါတာကြောင့် ၀ယ်သောက်ကြတာလို့လည်း ဆိုပါတယ်။

ဒီလိုမျိုး အရက်အတုသောက်ပြီး သေဆုံးတာမျိုး အရင်တုန်းက မဖြစ်ခဲ့ဖူးဘဲ ဒီနှစ် ဖေဖော်ဝါရီလ တရုတ်နှစ်ကူးချိန်ကစပြီး အရက်အတုသောက်လို့ သေဆုံးတာတွေ ဖြစ်လာတာ အခုထိပဲလို့လဲ ကိုစန်းမင်းဦးက ပြောပါတယ်။ သူတို့အဖွဲ့က သဂြိုင်္လ်ပေးခဲ့ရသူတွေ၊ ကပုန်းနာရေးအဖွဲ့က ကူညီသဂြိုင်္လ်ပေးခဲ့ရသူတွေနဲ့ တခြား သိရသလောက် အရက်အတုသောက်ပြီး သေသူပေါင်း ၂၀ ကျော် ရှိနေပြီလို့ သိရပါတယ်။

 သေဆုံးသူတွေဟာ စက်ရုံအလုပ်သမား လူငယ်အများစုဖြစ်ပြီး လူလတ်ပိုင်းတွေလည်း ပါတယ်လို့ ဆိုပါတယ်။ အရက်အတုတွေ မရောင်းပါနဲ့လို့ သွားပြောလို့လည်း မရတော့ ပညာပေး ပြောပြရတာပဲရှိတယ်လို့ ကိုစန်းမင်းဦးက ပြောပါတယ်။

 “နာရေးလိုက်ပို့ လာကြတဲ့ သူငယ်ချင်းတွေကိုလည်း အရက်မသောက်ဖို့ သောက်ရင်လည်း ဈေးကြီးတာကိုပဲ နည်းနည်းပါးပါး ၀ယ်သောက်ကြဖို့၊ ဒီမှာရှိတဲ့ ဆရာတော်တွေကိုလည်း ကျနော်တို့ ပြောပြတယ်လေ။ ဆရာတော်တွေကလည်း နာရေးဟောတဲ့နေရာမှာသော် လည်းကောင်း၊ အလှူတွေမှာဟောပြောရာမှာသော် လည်းကောင်း ထည့်သွင်းဟောပြော ပညာပေးတွေ လုပ်ပါတယ်။”

Related

news 9176242535381188050

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item