မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် ရွေးချယ်ရေး အရေးပါနေ။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်သစ်အဖြစ် တာဝန်ထမ်းဆောင်ရေး ယှဉ်ပြိုင်မှုကို လက်လွှတ်ရတော့ မည်ဟု The Hindustan Times သတင်းစာကြီးက ရေးသားထားသည်။

လနှင့်ချီ၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် လက်ရှိ အာဖဂန်နစ္စတန်နိုင်ငံ ဆိုင်ရာ အိန္ဒိယသံ အမတ်
ဂေါတမ မူခိုပါဒယား (Gautam Mukhopadhaya) အား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်အဖြစ် ခန့်အပ်ရန် အိန္ဒိယ အစိုးရက အလေးအနက် စဉ်းစားနေကြောင်း အသိပေးခဲ့သည်။ တရားဝင်ကြေညာမှုကို အချိန်မီပြုလုပ်မည်ဟုဆိုသည်။

မူခိုပါဒယားသည် အိန္ဒိယနိုင်ငံခြားရေးဌာန၏ ၁၉၈၀ အပတ်စဉ်မှ ဖြစ်ပြီး အာဖဂန်နစ္စတန်တွင် အတွေ့အကြုံ များခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် တာလီဘန်များကို အာဖဂန်နစ္စတန်မှ မောင်းထုတ်ခဲ့ပြီးနောက် ကဘူးလ်မြို့တွင် အိန္ဒိယသံရုံး ဖွင့်လှစ်သည့်တာဝန်ကို ယူခဲ့သည်။

လက်ရှိတွင် သီရိလင်္ကာနှင့် နော်ဝေနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး အဖြစ်ထမ်းဆောင်နေသူ ဂိုပါကရစ်ရှ်နာ ဂန္ဓီသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးပြီး မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းမှုများကို
စောင့်ကြည့်လေ့လာရန် အသင့်တော်ဆုံး ရွေးချယ်သင့်သူဟု ရှုမြင်ကြသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီသို့ လှမ်းစပြုသည့် အနေအထားနှင့် ဥရောပ၏ ပိတ်ဆို့ထားမှုများ ရပ်ဆိုင်ခြင်းတို
ကြောင့် အိန္ဒိယက ပါးနပ်စွာ လက်တွေ့ကျသည့် ဆက်ဆံမှုကို ဆက်ထိန်းထားရန် စဉ်းစားထားသည်ဟု The Hindustan Times သတင်းစာကြီးက ဆိုသည်။ မြန်မာသံအမတ်အဖြစ် ရွေးချယ်မှုသည် မြန်မာစစ်တပ်မှ အုပ်စိုးသူများနှင့် ဒီမိုကရေစီလိုလားသူများကြား ဆက်ဆံမှု ချိန်ခွင်ညှာ ထိန်းညှိမည့် မူဝါဒကို
ဖေါ်ဆောင်ရန် ဖြစ်သည်ဟုလည်း ဆိုသည်။

တရုတ်နိုင်ငံ၏ သြဇာအာဏာ ကြီးမားလာခြင်းကြောင့် မြန်မာနိုင်ငံက အိန္ဒိယအတွက် မဟာဗျူဟာမြောက် အရေးပါမှုအပြင် အိန္ဒိယ၏ အရှေ့မျှော် မူဝါဒအတွက်လည်း မြန်မာနိုင်ငံက အရေးပါနေသည်။

မြန်မာသည် အိန္ဒိယနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် တခုတည်းသော အရှေ့တောင်အာရှ နိုင်ငံ
ဖြစ်ရုံမက တောင်အာရှနှင့် အရှေ့တောင်အာရှအကြား ပေါင်းကူး ကုန်းမြေအဖြစ်လည်း တည်ရှိနေသည်။

မဇ္ဈိမ

Related

news 4013873930522771980

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item