ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်စဖို့ အစ္စရေးလ် အဆင်သင့်။


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ အစ္စရေးလ် ၀န်ကြီးချုပ် Benjamin Netanyahu တို့ ဂျေရုစလင်မှာ တွေ့ဆုံစဉ် (၉ ဧပြီ ၂၀၁၃)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ အစ္စရေးလ် ၀န်ကြီးချုပ် Benjamin Netanyahu တို့ ဂျေရုစလင်မှာ တွေ့ဆုံစဉ်။
 
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) ဟာ အစ္စရေးလ်နဲ့  ပါလက်စတိုင်း နယ်မြေတွေကို သွားရောက်တဲ့ ၃ ရက်တာ ခရီးစဉ်ကို မနေ့ကပဲ အဆုံးသတ်လိုက်ပါတယ်။

နောက်ဆုံးမှာ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိလာဖို့ မျှော်လင့်ကြောင်းနဲ့ အီရန်နိုင်ငံ နျူကလီးယား လက်နက် ပိုင်ဆိုင်တဲ့နိုင်ငံ ဖြစ်မှာကို အမေရိကန်က ဆန့်ကျင်တယ်လို့ မစ္စတာ ကယ်ရီ က ပြောသွားခဲ့ပါတယ်။

မစ္စတာ ကယ်ရီ က အစ္စရေးလ် ဝန်ကြီးချုပ် ဘင်ဂျမင် နတန်ယာဟု (Benjamin Netanyahu) နဲ့ ၂ နာရီကြာ တွေ့ဆုံဆွေးနွေးပြီး သူ့ခရီးစဉ်ကို အဆုံးသတ်ခဲ့တာပါ။

ကြန့်ကြာနေတဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်အသက်သွင်းနိုင်ဖို့ သူတို့ ၂ ဦးလုံး စိတ်ပိုင်းဖြတ်ထားကြောင်း ပြောသွားပြီး၊ အဲ့ဒါကို အောင်မြင်အောင် အတွက် သေချာ အားစိုက်ထုတ် လုပ်ဆောင်ဖို့လည်း ဆုံးဖြတ်ထားတယ်လို့ မစ္စတာ နတန်ယာဟု က မစ္စတာ ကယ်ရီ ကို ပြောပါတယ်။ 
 
ဗွီအိုအေ

Related

news 6493627217060929231

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item