မလေးရှားရောက် ကရင်အမျိုးသား(၅)ဦးရဲ့ ပီတိတွေအပြည့်အ၀နဲ့ အပျော်ရွှင်ဆုံးရက်လေးတစ်ရက်...။

"တပည့်မရှား တစ်ပြားမရှိ၊ပီတိကိုစားအားရှိ"ဆိုတဲ့ စကားပုံလေးကို အားလုံးကြားဖူးကြမှာပါ။ကျွန်တော်တို့
မလေးရှားကရင်အမျိုးသားအစည်းအရုံး(MKO)အတွက်လည်း ဒီစကားလုံးရဲ့ အနှစ်သာရနဲ့ အထိအတွေ့ကို
၂၀၁၃ ဧပြီလ ၃ ရက်နေ့ မှာ ထပ်မံ ခံစားလိုက်ရပါတယ်။ဘာကြောင့်ဒီလိုပြောရသလဲဆိုတော့ အော်ပရာစီ လို့ခေါ်တဲ့ မလေးရှားမှာ တရားမ၀င်နေထိုင်နေထိုင်နေသူတွေကို စီမံချက်နဲ့ ဖမ်းဆီးတဲ့အချိန်မှာ အဖမ်းခံရ ပြီးအကျဉ်းကျနေတဲ့ကရင်အမျိုးသား(၅)ဦးဖြစ်တဲ့ စောသန်းစိုး၊စောဂေးအယ်၊စောသဆဲ၊စောအောင်ဘယ်လ်၊
စောအယ်ကလယ် တို့ UNHCR ရဲ့ ဒုက္ခသည်အဖြစ်အသိအမှတ်ပြုရေးစိစစ်မှုအဆင့်တစ်ခု ပြုလုပ်ပေးခြင်း ကိုခံရပြီး ပြန်လည်လွတ်မြောက်လာကြလို့ပါပဲ။သူတို့တွေ အကျဉ်းကျနေစဉ်ကာလက သူတို့တွေကိုသွား
ရောက်ပြီး အားပေးစကားပြော၊အခြေအနေကိုသွားရောက်စုံစမ်း၊UNHCR နဲ့ချိတ်ဆက်လုပ်ပေးပြီးအမြန်ဆုံး လွတ်မြောက်အောင်ဝိုင်းဝန်းကြိုးပမ်းကြတဲ့ MKO ရဲ့ ဥက္ကဌ မန်းဒုံယောင်း၊ အတွင်းရေးမှူးစောထင်အောင် နဲ့ အကျဉ်းစခန်းတွေထဲကို ကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့တဲ့ စယောရှုတို့ရဲ့မျက်နှာတွေပေါ်ကအရမ်းကျေနပ် ကြည်နူးနေတဲ့ အပြုံးတွေကို တွေ့မြင်နေရတာ အလွန်ပဲ ၀မ်းမြောက်စရာပါ။

လွတ်လာကြတာ သူတို့တွေပေါ့။
စယောရှု၊စောဒေးဖိုးတို့ရဲ့ အပြုံးမျက်နှာတွေနဲ့အတူ။

ကျွန်တော်တို့တတွေတောင်မှ ဒီလောက်ပျော်ရွှင်ကျေနပ်နေတယ်ဆိုရင် ကာယကံရှင်တွေအနေနဲ့ ဆိုရင် ဘယ်လောက်ထိ ၀မ်းသာကြလေမလဲနော်။သူတို့တွေရဲ့ ရင်တွင်းကလျှံကျလာတဲ့ ၀မ်းသာစကားကတော့ "ကျွန်တော်တို့တွေ ဒီနေ့လွတ်မယ်ဆိုတာသိရတော့ ဘာမှကိုစားလို့သောက်လို့မရလောက်အောင်ကိုပျော် ပါတယ်"  တဲ့ဗျာ။ ဟုတ်ပေလိမ့်မပေါ့။"ရှင်လိင်ပြန် ထောင်ထွက် မဂ်လာဆောင်တဲ့ရက်" ဆိုတာဘ၀ရဲ့ အပျော်ရဆုံး   ရက်တွေမဟုတ်လား။ဒီလိုမျိုးအပျော်ရက်တွေကိုရဖို့ သူတို့တွေစအဖမ်းခံရကတည်းက စိတ်ဆင်းရဲစရာနေ့ ရက်တွေ ဒုက္ခနေ့ရက်တွေ မီးမုန်တိုင်းနေ့ရက်တွေကိုခက်ခဲစွာဖြတ် သန်းလာခဲ့ရတယ်။ ကျွန်တော့်စိတ်ထဲမှာတော့ လွတ်မြောက်လာကြတဲ့ သူတို့တွေအတွက်ဝမ်းသာကျေနပ်မိနေရင်းနဲ့ အကျဉ်း စခန်းတွေထဲမှာ မလွတ်သေးဘဲ ကျန်နေသေးတဲ့ ကရင်အမျိုးသားများအားလုံးအတွက်လည်း ဒီလိုနေ့ရက် မျိုးအမြန်ဆုံး တွေ့ကြုံရပါစေလို့ ဆုတောင်းပေးနေမိပါတော့တယ်။
MKO ဥက္ကဌမန်းဒုံယောင်း၊အတွင်းရေးမှူးစောထင်အောင်တို့နဲ့အတူ။
မန်းဒုံယောင်းမှအမှတ်တရလက်ဆောင်ပေးနေစဉ်။

ကိုးဒီသွေး

 

Related

photo 2164937606639114961

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item