မလေးရှားနိုင်ငံသို့ သွားရန် ကြိုးစားခဲ့သူ မူဆလင်များကို အင်ဒိုရဲမှ ဖမ်းဆီး။

မလေးရှားနိုင်ငံသို့ သွားရန်ကြိုးစားမှု မအောင်မြင်ခဲ့သော  မြန်မာနိုင်ငံမှ  အစ္စလာမ်ဘာသာဝင် ၈၀ ကို ဝေးလံသော ဆူမကြား ကမ်းလွန် ကျွန်းတစ်ကျွန်းပေါ်တွင် အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်း ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး ကပြောသည်။

ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ်တွင် အစ္စလာမ်နှင့် ဗုဒ္ဓဘာသာဝင်တို့ကြား ပဋိပက္ခများ ဖြစ်ပေါ်ကာ တင်းမာမှုများ ဆက်လက်ဖစ်ပေါ်ခဲ့ပြီးနောက် ထောင်နှင့်ချီသော မူဆလင်များ မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့ကြရာ ယခု အင်ဒိုနီးရှား ကမ်းခြေသို့ စက်လှေဖြင့် ရောက်ရှိလာခြင်းသည် နောက်ဆုံး ဖြစ်ရပ်တစ်ခု ဖြစ်သည်။

ဆူမတ္တရားကမ်းရိုးတန်း အနောက်မြာက်ဘက်ရှိ ပူလိုအာချေးကျွန်းပေါ်သို့ အမျိုးသမီး ၅ဦးနှင့် ကလေး၆ဦး အပါအ၀င်  ရွှေ့ပြောင်း သူများ ရောက်ရှိလာခဲ့ကြသည်ဟု ဒေသခံရဲအရာရှိက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားသည်။

“သူတို့စက်လှေက အနေအထားကောင်းနေသေး တယ်၊ အစားအစာနဲ့ လောင်စာတွလဲ အလုံအလောက် သူတို့မှာ ပါလာတယ်။ သူတို့မလေးရှားကို သွားချင်တယ်လို့ ပြောပါတယ်၊ ဒါပေမယ့် သူတို့ လမ်းပျောက် သွားတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ ထွက်ပြေးလာသူ အားလုံး အခြေအနေ ကောင်းပြီး ၎င်းတို့အထဲမှ၂ဦးမှာ ဗိုက်နာနေကြသော်လည်း စိုးရိမ်စရာ မရှိဟု ဆိုသည်။

၎င်းတို့ အားလုံးကို သက်ဆိုင်ရာ နယ်မြေရဲစခန်း၏ ခန်းမတစ်ခုတွင် ထိန်းသိမ်းထားပြီး အမှုစစ်ဆေးမည့် အင်းဒိုနီးရှား လူဝင်မှုကြည့်ကြပ်ရေး အရာရှိ များရှိရာ ပြည်မကြီးသို့ ပို့ဆောင်ရန် ဖြစ်နိုင်ခြေရှိကြောင်း ယင်းရဲအရာရှိ ကပြောသည်။

အရှေ့ဂျာဗားပြည်နယ်ရှိ Surabaya မြို့မှ ရဲတပ်ဖွဲ့က တိုက်ခန်းတစ်ခန်း အတွင်း ပုန်းခိုနေသော အစ္စလာမ် ဘာသာဝင် ၃၅ ဦးကို ဧပြီလ၅ရက်နေ့ က ဖမ်းဆီးမိခဲ့သည်ဟုဆိုသည်။ထိုသူများမှာ ပင်လယ်ကိုဖြတ်၍ သြစတြေးလျ သို့သွားရန် စီစဉ်ထားသူများ ဖြစ်ကြကြောင်း ရဲတပ်ဖွဲ့ကပြောသည်။

အင်ဒိုနီးရှားသို့ ရောက်ရှိလာခဲ့သော အစ္စလာမ်များသည် ထိန်းသိမ်းရေး စခန်းများတွင်  ကုလသမဂ္ဂက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခွင့် ရရှိရန် စောင့်နေကြခြင်း ဖြစ်သည်။

Source - မဇ္ဈိမ

Related

news 6434119635116517726

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item