ဗုံးခွဲ တိုက်ခိုက်မည့် သတင်းကြောင့် အာဏာပိုင်များက ဘူးသီးတောင်တွင် လုံခြုံရေး သတိပေး


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ဗုံးခွဲ တိုက်ခိုက်မည်ဆိုသော သတင်များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး အာဏာပိုင်များမှလည်း ပြည်သူများကို သတိနှင့် နေထိုင်ကြရန် ပြောကြားထားသည်ဟု သတင်း ရရှိသည်။
Buthidaungအစိုးရ တာဝန်ရှိသူများက ပြည်သူများအား သတိပေးထားသဖြင့် ဗုံးခွဲ တိုက်ခိုက်မည့် သတင်းမှာ ကောလဟလ သတင်း  မဟုတ်ပါကြောင်း ဘူးသီးတောင် အမှတ် (၆) ရပ်ကွက်မှ ဒေသခံ တစ်ဦးက ပြောသည်။
“ ခုဖြစ်နေတဲ့ သတင်းက ကောလဟလ သတင်းဆိုပီး ပြောလို့ မရဘူး။ အာဏာပိုင်တွေ ကိုယ်တိုင်က လူထုကို သတိထားပြီး နေထိုင်ကြဖို့ ပြောထားတဲ့ အတွက် ဒါ ဖြစ်နိုင်ချေ ရှိနေပါတယ်” ဟု သူက ပြောသည်။
လက်ရှိ ရထားသော သတင်းများ အရ ဧပြီ (၆) ရက်နှင့် (၁၁) ရက်နေ့များတွင် မွတ်ဆလင် အကြမ်းဖက် အဖွဲ့ တစ်ခုမှ ဗုံးခွဲ တိုက်ခိုက်ရန် အစီအစဉ် ရှိသည်ဆိုသော သတင်းအား ရရှိထားကြောင်း အမည်မဖေါ်လိုသူ အစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
သို့အတွက်  လူထုအား စားသတိ၊ လာသတိ ထားရှိကြရန် ဒေသ အာဏာပိုင်များက နီးစပ်ရာမှ တဆင့် သတိပေး ပြောကြားထားကြောင်း သူက ဆိုသည်။
ဘူးသီးတောင်မြို့နယ် ရတပ ပါတီ အဖွဲ့ဝင် တစ်ဦးမှလည်း ဘူးသီးတောင်တွင် ဗုံးခွဲ တိုက်ခိုက်မည့် သတင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး ယခုအခါ လူထုအား သတိထား နေထိုင်ကြရန် အာဏာပိုင်များက ပြောကြားထားသည်မှာ မှန်ကန်ကြောင်း အတည်ပြု ပြောကြားသည်။
၎င်းပြင် နယ်စပ် တလျှောက်တွင် တပ်မတော်မှ လုံခြုံရေး အစီအမံများကို ယခင်ကထက် တိုးမြှင့် ဆောင်ရွက်နေပြီး နယ်မြေလုံခြုံရေးကိုလည်း အထူးဂရုစိုက်လျှက်ရှိသည်ဟု သူက ဆိုသည်။

Sourec -  NARINJARA

Related

news 3134767216882243540

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item