လက်ပန်းတောင်းတောင်သူများ နိုင်ငံတော်သမ္မတသိန်းစိန်ကိုတရားစွဲပြီ...။
https://albanykarennews.blogspot.com/2013/03/blog-post_6304.html
![]() |
| လက်ပန်းတောင်းကြေးနီစီမံကိန်းရဲ့တစိတ်တပိုင်း။ |
စစ်ကိုင်းတိုင်း မုံရွာခရိုင်လက်ပန်ုးတောင်းတောင်ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို အကြမ်းဖက်ဖြိုခွဲခဲ့
တာနဲ့ ပတ်သက်ပြီး သမ္မတဦးသိန်းစိန်ကို ဆည်တည်းရွာက မရီရီဝင်းနဲ့ မ၀င်းဝင်းဌေး မိုးကြိုးပြင်
အလယ်ရွာက ကိုဇောင်နိုင်တို့က တရားလိုပြုပြီး ဆားလင်းကြီးမြို့နယ်တရားရုံးမှာ တရားစွဲဆိုလိုက်ပါပြီ။
သမ္မတကိုတရားစွဲဆိုဖို့ တရားလိုပြုရာမှာတစ်ဦးအပါအ၀င်ဖြစ်တဲ့မ၀င်းဝင်းဌေးက မီးလောင်ဗုံးတွေသုံးပြီး
သပိတ်စခန်းတွေကို အကြမ်းဖက်ဖြိုခွဲခဲ့တာနဲ့ပတ်သက်ပြီး အခု(၃)လပြည့်တဲ့အထိ တစ်စုံတရာ အရေးယူမှု
မရှိလို့အခုလို အမှုဖွင့်တရားစွဲရတာဖြစ်ပါတယ်လို့ ပြောပါတယ်။အခုလို သမ္မတကို အမှုဖွင့်တရားစွဲလိုက်လို့
မီးလောင်ဗုံးသုံးတဲ့တရားခံတွေကိုအမြန်ဆုံးဖေါ်ထုတ်နိုင်ဖို့နဲ့နောက်ပိုင်းပေါ်ပေါက်လာမယ့်လက်ပန်းတောင်း
အရေးတော်ပုံလိုကိစ္စရပ်တွေမှာ သမ္မတကမိမိရဲ့ ပြည်သူတွေကိုအပြည့်အ၀ကာကွယ်ပေးဖို့ စတဲ့အကျိုးတွေ
ရလာနိုင်မယ်လို့ မျှော်လင့်ကြောင်းလဲ မ၀င်းဝင်းဌေးကပြောသွားပါသေးတယ်...။

Post a CommentDefault CommentsFacebook Comments