ပြည်သူ ညီရင် ဘယ်လိုလူ ခံနိုင်မှာလဲ။

 
ပည်သူ ညီရင် ဘယ်လိုလူ ခံနိုင်မှာလဲ။ http://youtu.be/lFnE41E_56s ပန်းတနော်မြို့နယ် ခနွဲကဘို ကျေးရွာ။ လူထု ညီညွတ်စွာ တောင်းဆိုကြပြီး နောက်ဆုံး အဆင့်အနေဖြင့် သည်းခံခြင်း ကုန်ဆုံးပြီဖြစ်ကြောင်း ငြိမ်းချမ်းစွာ တောင်းဆိုခြင်းသည် ကြောက်ရွံ့ခြင်းကြောင့် မဟုတ်ပဲ လူသား ဘ၀ လူသား အသိဖြင့် လူပီပီငြိမ်းချမ်းတည်ကြည်စွာ အမှုအခင်းများကို ဆွေးနွေးအဖြေရှာလိုခြင်းကြောင့် ငြိမ်းချမ်းစွာတောင်းဆိုခြင်း ဖြစ်ကြောင်း ၊ ငြိမ်းချမ်းစွာဖြင့် အချိန်ပေး တောင်းဆိုခဲ့ပါလျှက် လူကဲ့သို့ ပြန်လည်တုန့်ပြန် ဆက်ဆံ ဖြေရှင်းပေးခြင်း မပြုလျှင် မိမိတို့ကို လူသားသဖွယ် တန်ဖိုးမထားသော ထိုသူတို့အား လူသဖွယ် အဆင့်အတန်း မထားနိုင်တော့ပေ။

လူထုက အင်းသူကြီးဧ၊် ခြံဝင်းထဲထိ အင်အား ရာနှင့်ချီပြီး အတင်း ၀င်ရောက်ရန် ကြိုးပမ်းသော အခါ .......................... မတရား ဖမ်းဆီးထားသော ငါးခိုးဖမ်းသူဟု စွပ်စွဲထားသူများကို အမှုမှ ပိတ်သိမ်းပေးရန် အင်းသူကြီးဧ။် သားဖြစ်သူက ၀င်ရောက်ကတိပေး ဖြေရှင်းလာတော့သည်။ အင်းသူကြီးဖြစ်သူက ထွက်မတွေ့။

နှစ်ပတ် အတွင်း လူထုနှင့် ၁၈ နှစ်ကျော်ဖြစ်ပွားလာသော မတရား သိမ်းဆည်းခံရမှုဖြစ်စဉ်များ၊ ဖိနှိပ်အုပ်ချုပ်မှု ဖြစ်စဉ်များ အဆုံးသတ် ပြေလည်ရေး ဆွေးနွေးဖြေရှင်း အတိအလင်း ကြေငြာချက် ထုတ်ပြန်ပေးရန် တောင်းဆိုခဲ့သည်။

နှစ်ပတ်တာ ကာလ ကျော်သည်အထိ ဝေ့လည်ကြောင်ပတ် လုပ်နေအုန်းမည်ဆိုပါက ခေတ်သစ် ဆရာစံများ။ ခေတ်သစ် ဆရာစံကတော်များ ပေါ်ထွက်လာလိမ့်မည်ဟု အင်းသူကြီးအဖွဲ့ကို သတိပေးထားခဲ့ပါသည်။ (နေမျိုးဇင် facebook မှ)

Related

video 5197308110432615792

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item