မိတ္ထီလာအရေးက ရမည်းသင်းသို့ ကူးစက်သွား

"မိတ္ထီလာနဲ့ ၃၄ မိုင်ခန့်အကွာက ရမည်းသင်းမှာ မီးလောင်ကျွမ်းမှုဖြစ်"


ရမည်းသင်းမြို့ရဲ့ အနောက်ဘက် ၈ မိုင်လောက်ကွာဝေးတဲ့ ရွာတန်းကျေးရွာမှာ မနေ့ည (မတ်လ ၂၃ ရက်)၈ နာရီ ကျော်အချိန်က မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရမည်းသင်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

ဒီမီးလောင်ကျွမ်းမှုကြောင့် ရွာတန်းကျေးရွာမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝတ်ပြုကျောင်းဆောင်တစ်လုံး အပါအဝင် ဒေသခံပြည်သူတွေရဲ့ အိမ်ခြေ ၃၀ ခန့် မီးလောင်ပျက်ဆီးခဲ့ပါတယ်။

 ဒီကနေ့ည ၁၂ နာရီက ရမည်းသင်းမြို့မီးသတ်တပ်ဖွဲ့ရုံးကို RFA ကဆက်သွယ်မေးမြန်းရာမှာ မီးသတ်တပ်ဖွဲ့တွေနဲ့ရဲတပ်ဖွဲ့တွေဟာ မီးလောင်တဲ့ရွာကိုအမြန်သွားရောက်နေကြ တယ်လို့  ပြန်လည် ဖြေကြားပါတယ်။

 မိတ္ထီလာမြို့ လုံခြုံရေးအတွက် ရမည်းသင်းမြို့နယ်ရဲတပ်ဖွဲ့ကနေ သွားရောက်ကူညီနေရတဲ့ ရမည်းသင်းမြို့နယ်ရဲတပ်ဖွဲ့က ဒုရဲမှုးသောင်းကြည် ခေါင်းဆောင်တဲ့တပ်ဖွဲ့ဟာလည်း ရမည်းသင်းမြို့ကို ညတွင်းချင်း အမြန်ပြန်လာနေရတယ်လို့ သိရပါတယ်။ ယမန်နေ့ညက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တဲ့ ရွာတန်းရွာဟာ သုံးရက်ကြာ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့နဲ့ ၃၄ မိုင်ကျော်ကွာဝေးပါတယ်။

Related

news 5775531348276673907

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item