လက်ပံတောင်းတောင်နှင့် အမေစုကိုဆုံးရှုံးလိုက်ရပြီဟု ဒေသခံများပြောကြား



................................................................................................

ယနေ့နံနက် ၁၀း ၁၅ နာရီဝန်းကျင်က တုံရွာသပိတ်စခန်းတွင် ဆန္ဒပြဒေသခံများနှင့် စုံစမ်းရေးကော်မရှင်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံစဉ် " လက်ပံတောင်းတောင်နှင့် အမေစုကို ဆုံးရှုံးလိုက်ရပြီ " ဟု ဒေသခံများက ငိုကြွေးပြောဆိုခဲ့သည်။

" အစီရင်ခံစာကို ဖတ်ပြီးပြီလား၊ ဆန္ဒပြအောင်ဘယ်သူလုပ်ခိုင်းတာလဲ၊ တစ်နိုင်ငံလုံးအတွက်ဆုံးဖြတ်ခဲ့တာပါ " ဟု ဒေါ်အောင်ဆန်းစုကြည်က ဒေသခံများကို ပြောကြားခဲ့သည်။

ဒေသခံတစ်ဦးက " သမီးတို့က အမေ့ကို အရင်အစိုးရကပစ်ထားကတည်းက အားပေးခဲ့တာပါ။ အခု အမေစုရဲ့နာမည်မှာ အောင်ဆန်းဆိုတာတောင် ထည့်မခေါ်ချင်တော့ပါဘူး " ဟု ပြောသည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည် တုံရွာသပိတ်စခန်းတွင် ဒေသခံ ၁၀၀ ၀န်းကျင်ခန့်နှင့် တွေ့ဆုံနေသည်။


ဒေါ်အောင်ဆန်းစုကြည် သပိတ်စခန်း ရောက်နေ
မေစစ်ပိုင်

လက်ပန်းတောင်းတောင် ပဋိပက္ခစုံစမ်းရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ မနက် ၉ နာရီခန့်မှ စတင်ကာ တုံကျေးရွာသပိတ်စခန်းသို့ ရောက်ရှိနေပြီး ဒေသခံများနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်က သပိတ်စခန်းအတွင်း ဒေသခံ ၂ဦး တဖွဲ့၊ ၃ဦး တဖွဲ့ ဖြင့် ၎င်းတို့ ခံစားနေရသည့် မကျေနပ်ချက်များ၊ ပြဿနာများကို နားထောင်ဆွေးနွေးပေးလျက် ရှိသော်လည်း ဒေသခံများဘက်မှ ညှိနှိုင်းဆွေးနွေးချက်များကို လုံးဝလက်မခံဘဲ အခြေအနေ တင်းမာလျက်ရှိသည်။

လက်ရှိတွင် သပိတ်စခန်းအတွင်း ညှိနှိုင်းမှုလုပ်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ရဲလုံခြုံရေးအပြည့်ဖြင့် တာဝန်ယူ စောင့်ရှောက်နေပြီး စုံစမ်းရေးကော်မရှင် အဖွဲ့သားအများစုလည်း ရောက်ရှိနေကြောင်း သိရသည်။ “ လူထက်အရေးကြီးတာ ဘာမှမရှိပါဘူး၊ ရွာသူရွာသားတွေ အားလုံးကောင်းဖို့ ကျွန်မမှာ တာဝန်ရှိပါတယ်၊ လက်ပန်တောင်း တောင် မရှိတော့ပေမဲ့ ထိုနည်းတူ သာယာစိုပြေတဲ့ ပတ်ဝန်းကျင်တခု ရဖို့ ကျွန်မ လုပ်ပေးသွားမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က တုံကျေးရွာသပိတ်စခန်းမှ ဒေသခံများကို ပြောကြားသည်။

သပိတ်စခန်းရှိ ဒေသခံများက “ အစီရင်ခံစာကို ဖျက်သိမ်းပေး”၊ “လုံးဝ အလိုမရှိဘူး”၊“ ဒါက မဖြစ်သင့်တဲ့ ကိစ္စတွေချည်းပဲ”စသည်ဖြင့် ပြောဆိုလျက်ရှိသည်။ ဒေသခံများက လက်ရှိအချိန်ထိ လက်ပန်တောင်းတောင် အစီရင်ခံစာအပေါ် ရှင်းလင်းရေးနှင့် စီမံကိန်းရပ်ဆိုင်းရေးကိုသာ အလိုရှိနေပြီး ညှိနှိုင်းမှုကို လုံးဝမလက်မခံကြောင်း သပိတ်စခန်းတွင် ကူညီဆောင်ရွက်နေသူ ကိုသောင်းထိုက်က ပြောသည်။

ယမန်နေ့ညက တုံကျေးရွာသပိတ်စခန်းအခြေစိုက်ရာ လိပ်ခွံတောင်အနီးသို့ ရဲများချဉ်းကပ်လာခဲ့သော်လည်း စခန်းအတွင်းဒေသခံများက သစ်ကိုင်းခြောက်များ မီးရှို့ကာခြောက်လှန့်ခြင်း၊ အသံပေးခြင်းများပြုလုပ်ခဲ့ပြီးနော် ရဲများက ပြန်လည် ဆုတ်ခွာသွားကြောင်း၊ အခြေအနေတင်းမာမှု မရှိတော့သော်လည်း သပိတ်စခန်းတွင် ပါဝင်သော မိုးကြိုးပြင် ငါးရွာ၊ တုံ ငါးရွာနှင့် အခြားရွာ ငါးရွာမှ ဒေသခံများက လူအင်အားများထပ်မံဖြည့်တင်းထားပြီး လက်ရှိ သပိတ်စခန်းတွင် ဒေသခံအင်အား ၃၅၀ ကျော်ရှိနေကြောင်း သိရသည်။

Related

news 3226381315077191485

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item