မုဒိမ်းစစ်တပ်၏ လိုင်စင်ရမုဒိမ်းစစ်သားများ....။

မုဒိမ်းစစ်တပ်၏ လိုင်စင်ရမုဒိမ်းစစ်သားများ...။

၆၆ နှစ်မြောက်သျှမ်းပြည်အမျိုးသားနေ့ အခါသမယ၌ သျှမ်းပြည်အလယ်ပိုင်း ကျေးသီးမြို့နယ် ကျေးလက် အမျိုးသမီး တဦးအား မြန်မာစစ်သားတဦး ဓါးပြတိုက် မုဒိန်းကျင့်ကြောင်း စုံစမ်းသိရှိရသည်။

“ မနေ့က ည သန်းခေါင်လောက်မှာ ကျေးသီးအခြေစိုက် ခလရ ၁၃၁ က တပ်သား မောင်ဦး။ ကျေးသီးမြို့ မိုင်းနင်အုပ်စု နောင်ယုမ်းရွာက အမျိုးသမီးတယောက်ရဲ့ အိမ်ထဲကိုဝင်သွားပြီး ဓါးပြတိုက် တယ်။ ဒါတွင်မကဘဲ ဓါးနဲ့ထောက်ပြီး မုဒိန်းကျင့်တယ်။ အမျိုးသမီးက ကလေး ၂ ယောက်မိခင်” ဟု ကျေးသီးမြို့ သျှမ်းအမျိုးသားနေ့ အခမ်းအနား တက်ရောက်ခဲ့သည့် မိုင်းနောင်ဒေသခံ စိုင်းလ ကပြောသည်။

ဖေဖော်ဝါရီ ၇ ရက်ညသန်းခေါင်အချိန်တွင် ကျေးသီးမြို့အခြေစိုက် ခလရ ၁၃၁ မှ တပ်သားမောင်ဦး (အသက် ၃၀ ခန့် ) က မိုင်းနင်အုပ်စု နောင်ယုမ်းရွာ နေ အမည်မဖော်လိုသူ သျှမ်းအမျိုးသမီးတဦး (အသက် ၂၆ ) အိမ်အား တံခါးခေါက်အကူအညီတောင်းရာ အဆိုပါအမျိုးသမီးက တံခါးဖွင့်ကြည့်သည်နှင့် တပ်သားမောင်ဦးက အမျိုးသမီး အား ဓါးထောက်ကာပိုက်ဆံ ၇၀၀၀၀ ကျပ်တောင်းကြောင်း၊ ထိုစဉ် အခန်းထဲ၌ အိပ်နေသော အမျိုးသမီး၏ ၂ နှစ်သား အရွယ် ကလေးက ငိုသဖြင့် ကလေးသွားချော့ရန်ဓါးထောက်၍ အခန်းထဲလိုက်ဝင်သွားကြောင်း၊ အမျိုးသမီးအား အဓမ္မပြု မုဒိန်းကျင့်လိုက်ကြောင်း အမျိုးသမီးကပြန်လည်ပြောပြသည်ဟု ထိုရွာသို့ သွားရောက်တည်းခိုသည် မိုင်းနောင်ဒေသခံက ဆက်လက်ပြောပြသည်။

“ အဲဒီစစ်သားက ၁၂ နာရီခွဲကနေ ၂ နာရီအထိ မုဒိန်းကျင့်ပြီးတော့ အိပ်ပျော်သွားတာနဲ့ ကောင်မလေးက တိတ်တဆိတ် ထွက် လာပြီး ရွာသားတွေကို လာတိုင် တယ်။ ဒါနဲ့ရွာသားတွေက နယ်ထိန်းတွေကိုခေါ်ပြီး သူ့အိမ်ကိုသွားဝိုင်းတယ်။ သူ့ကိုဖမ်း ချုပ် လိုက်တယ်။ အခု အမှုဖွင့်ထားတယ်။ ဒီမနက် သူ့ရဲ့ တပ်ရင်းဗိုလ် လာကြည့်ပြီး ရိုက်နှက်ဆုံးမ သွားတယ်” ဟု ဆိုပါသည်။

၎င်းနှင့်ပတ်သက်၍ ကျေးသီးမြို့ရဲစခန်းသို့ သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းကြည့်ရာ အမည်မဖော်လိုသည့် ရဲအရာရှိ တဦးက - “ ရွာသားတွေက ရဲစခန်းကိုလာတိုင်တယ် ။ ကောင်မလေးကိုလဲဆေးရုံကိုခေါ်သွားပြီး စစ်ဆေးတယ်။ ဆိုင်ရာသက်သေအချက်အလက် တွေကိုလည်း ရန်ကုန်ကို ထပ်ပို့ပြီးစစ်ဆေးဦးမယ်” ဟု ဆိုပါသည်။

အဆိုပါအမျိုးသမီးမှာ အိမ်ထောင်ကွဲနေသူတဦးဖြစ်ပြီး အခင်းဖြစ်ပွါးသည့်ညက ၎င်း၏ မိခင်က အလှူမင်္ဂလာဆောင်အိမ် သို့သွားရောက် ကူညီမှုပြုနေသဖြင့် နေအိမ်၌ ၎င်းနှင့်အတူ အသက် ၂ နှစ်အရွယ်နှင့် အသက် ၆ နှစ်အရွယ် ကလေး ၂ ဦးသာကျန်ရစ်ခဲ့ကြောင်း ရွာသားများကပြောပါသည်။

ခလရ ၁၃၁ တပ်ရင်းမှူးမှာ ခရီးလွန်နေသဖြင့် ယခုလောလောဆယ် ဒုတပ်ရင်းမှူး ဗိုလ်မှူး ထွန်းထွန်းနောင်က စခန်းထိုင် ထားကြောင်း၊ ၎င်းတို့တပ်စခန်းသို့ ဗျူဟာမှူးလည်းရောက်ရှိနေကြောင်း နီးစပ်သူတဦးကပြောပါသည်။

မိုင်းနင်အုပ်စု နောင်ယုမ်း ရွာသည် ကျေးသီးမြို့နယ်၏တောင်ဘက် ၁ မိုင်အကွာတွင် တည်ရှိပါသည်။

Related

news 3102471215069442156

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item