ဗမာတွေကို ဒီလိုမြင်ကြပါတယ်။
https://albanykarennews.blogspot.com/2013/03/blog-post_24.html
နေပြည်တော် ၊ ရန်ကုန် အနီး က မြို့ တွေ မှာ မတည် မငြိမ် ဖြစ်အောင် လုပ်
by FNG on March 25, 2013
မနေ့ ညက ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ်နယ် မှာ ဆူပူ မှု လိုလား သူ တွေ က ဘာသာရေး လူမျိုးရေး အဓိကရုဏ်း တွေ ဖြစ် ဖို့  ၀င်ရောက် နှောင့်ယှက်ခဲ့ တာ လို့  FNG က သတင်း ရရှိ ပါတယ်။ အုတ်ဖို ဘက်က နေ ၀င်လာ ညနေစောင်း လောက် ကတည်း က ကားတွေ နဲ့  ရောက် နေတယ်။ ပထမ တော့ ခရီးသွား တွေ ဘဲ ထင်တာ ပေါ့။ အထဲကို မမြင် ရ ဘူး၊ မှန်တွေ ကာ ထားတယ်။ တစ်ယောက် တစ်လေ အပြင် ထွက် တာတွေ့ တယ်။ မိုး ချုပ် တော့ နောက် ကား နှစ်စီး လောက် ထပ် ရောက် လာတယ်။ အိုးသည်ကုန်း ကို ညဘက် မှာ မီးရှို့ ဖို့  စတော့ တာပဲ။ ရွာသား တွေ က သတိ ရှိ ပြီး မောင်းထုတ် နိုင် လို့  တော်တော့ တယ် ” ဟု အိုးသည်ကုန်း ရွာသား တစ်ဦး က FNG ကို ပြောပါတယ်။
အုတ်ဖို့  မြို့  ဟာ ရန်ကုန် မြို့  နဲ့  အနီး ဆုံး မြို့  တစ် မြို့  ဖြစ် ပါတယ်။ နေပြည်တော် နဲ့  အနီး ဆုံး မြို့  ဖြစ်တဲ့ တပ် ကုန်း ဘက် က ရွာ တွေ မှာ လည်း ဆူပူ ဖို့  ၊ မီးရှို့ ဖို့  တွေ မနေ့  ညက ဘဲ လုပ်ခဲ့ တာကြောင့် တပ်ရော ရဲ ရော ပေါင်း ပြီး ကာကွယ် ခဲ့ ရတယ်လို့  လည်း သတင်း ရရှိပါတယ်။ အုတ်ဖို မြို့  မြောက်ဘက် က အေးမြသာယာ မြို့  ကို လည်း မတည်မငြိမ် ဖြစ် ဖို့  ည ရှစ် နာရီ လောက် မှာ ဆူပူ လိုသူ တွေ က ကြိုးစား ခဲ့ သေးကြောင်း ကို လည်း သတင်း ရရှိ ပေမယ့် သီးခြား အတည်ပြု လို့  တော့ မရသေး ပါဘူး။
ဒီဆူပူ လိုသူ တွေ ဟာ မိတ္ထီလာ မငြိမ်သက် မှု မှာ လက်စလက် န ရှိ ခဲ့ တဲ့ သူ တွေ ဖြစ် ပြီး ရှောင်တိမ်း လာရင်း နဲ့  ဆက် လက် မတည်ငြိမ် မှု တွေ လုပ်ဆောင်နေတာ ဖြစ်နိုင်သလို ၊ နောက် က အင်အားကြီး မား တဲ့ ထောက်ပံ့ ပေး မှု တွေ နဲ့  ရည် ရွယ် ချက် ရှိရှိ လုပ်ဆောင် နေတာ လဲ ဖြစ်ပါတယ်။
စနေ နေ့  ညက ရမည်း သင်း မြို့ နယ် ထဲ က ကျေးရွာ တွေ မှာ မီးရှို့ မှု တွေ လည်း ဖြစ်ပွား ခဲ့ ပေမယ့် အာဏာပိုင် တွေ က အခြေအနေ တွေ ကို ထိမ်းသိမ်း နိုင်ခဲ့ ပါတယ်။ မတ်လ ၂၀ ရက်ကနေ စတင် ခဲ့ တဲ့ မိတ္ထီလာ မြို့  တွင်း အကြမ်းဖက်မှု တွေ အတွင်း မှာ မွတ်ဆလင် ဘသာ ၀င် တွေ ဟာ မော်တော် ကား၊ တွေ ဆိုင်ကယ် တွေ အနောက်မှာ လည်း ပင်း ကို ကြိုး ဆွဲ လို့  ရက်ရက်စက်စက် အသတ် ခံခဲ့ရပါတယ်။
Post a CommentDefault CommentsFacebook Comments