ကရင်နီအမှတ်-၂ ဒုက္ခသည်စခန်း မီးလောင်မှုဓါတ်ပုံမှတ်တမ်းနှင့်သတင်း



ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မြန်မာဒုက္ခသည်များ နေထိုင်ရာ စခန်းတစ်ခုတွင် မတ် ၂၂ ရက်နေ့က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာလူ ၄၂  ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိများက ပြောကြားခဲ့သည်။




မဲဟောင်ဆန်ပြည်နယ်ရှိ မဲဆိုင်စခန်း၌ မတ် ၂၂ ရက်နေ့ ညနေလေးနာရီအချိန်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ နှစ်နာရီအကြာတွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး ယာယီတဲအိမ် ၁၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။



ချက်ပြုတ်ရာမှတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ရသည်ဟု ထင်မြင်ယူဆလျက်ရှိပြီး မီးလောင်မှုကြောင့် သေဆုံးသူအများစုမှာ မိန်းမ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများဖြစ်ကြကြောင်း သိရသည်။ ဒဏ်ရာရသူ ၂၀၀ ခန့်ရှိပြီး ဆေးရုံသို့ တင်ထားခဲ့ကြောင်း အကြီးတန်း အရာရှိတစ်ဦးက ပြောကြားခဲ့သည်။



အိမ်ခြေ ၃၇၀၀ ခန့်ရှိသော အဆိုပါစခန်းတွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှု၏ အကြောင်းရင်းနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးမည်ဟု ထိုင်းအစိုးရက ကတိပေး ပြောကြားခဲ့သည်။



ယင်းကဲ့သို့ လူအများအပြား သေဆုံးခဲ့ရခြင်းနှင့် ပတ်သက်ပြီး ၀မ်းနည်းရကြောင်းနှင့် သေဆုံးသူဦးရေသည် ယခုလောက်အထိ မများပြားသင့်ကာ မီးလောင်ကျွမ်းရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဂျရူပေါင်ရာအန်ဆူဝန်က အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။



ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် ဒုက္ခသည်စခန်း ၁၀ ခုရှိပြီး လူပေါင်း ၁၃၆၀၀၀ ခန့်နေထိုင်လျက်ရှိကြကာ ယင်းဒုက္ခသည်များသည် ၁၉၈၀ အစောပိုင်းကတည်းက စတင်ရောက်ရှိခဲ့ကြခြင်း ဖြစ်သည်။



ဒုက္ခသည်စခန်းရှိ အိမ်ခြေများသည် ပူးကပ်စွာတည်ရှိပြီး သက်ငယ်အမိုး၊ ၀ါးတို့ဖြင့် တည်ဆောက်ထားကြသည်။



ဒုက္ခသည်စခန်းတွင် နေထိုင်ကြသော လူအများစုသည် ကုလသမဂ္ဂ၏ ဒုက္ခသည်စာရင်းတွင် ပါဝင်ကြပြီး ပြန်လည်နေရာချထားရေး အစီအစဉ်အရ ဒုက္ခသည် ထောင်ပေါင်းများစွာအား အခြားနိုင်ငံများသို့ ရွှေ့ပြောင်းရန် ခွင့်ပြုပေးထားကြောင်း သိရသည်။



ဒုက္ခသည် အများစုသည် မြန်မာနိုင်ငံအရှေ့ဘက်ရှိ ကရင်ပြည်နယ်မှ ဖြစ်ကြကြောင်း သိရသည်။ ယမန်နှစ် ဖေဖော်ဝါရီလကလည်း အခြားနယ်စပ် ဒုက္ခသည်စခန်းတစ်ခုတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သောကြောင့် လူနေအိမ်ခြေ ရာပေါင်းများစွာ ပျက်စီးခဲ့ရပြီး အာဏာပိုင်များကလည်း ချက်ပြုတ်ရာမှတစ်ဆင့် မီးလောင်ခဲ့သည်ဟုပင် ပြောကြားခဲ့ကြသည်။

 Eleven Media Group

Related

news 8970709792105298827

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item