စစ်ဗိုလ်ချုပ်ဟောင်း ဘောင်းဘီချွတ်တွေရဲ့ အုပ်ချုပ်မှုယန္တရားထဲမှာ နယ်ရုပ်လေးဖြစ်သွားရှာတဲ့ ဒေါ်စု....။
https://albanykarennews.blogspot.com/2013/03/blog-post_14.html
![]() |
| မှုံဝါးဝါးဖြစ်သွားတဲ့ဒေါ်စု....။ |
ဒေါ်အောင်ဆန်းဆုကြည်သည် ယခုအခါ ဆည်တည်းကျေးရွာရှိ ဓမ္မာရုံသို့
ရောက်ရှိနေပြီး ပြည်သူများနှင့် အပြန်အလှန် ပြောဆိုလျက်ရှိကြောင်း ဆည်းတည်းကျေးရွာရောက်ရှိနေသော ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ယက်မှ ကိုဘထူးက ပြောသည်။
၎င်းက“ ပြည်သူတွေကတော့ ကျေးရွာလည်းမပြောင်းပေးနိုင်ပါဘူး။ ပုဒ်မ ၁၄၄ ကိုလည်း ရုတ်သိမ်းပေးဖို့
တောင်းဆိုနေပါတယ်။ မီးလောင်ဗုံးရဲ့ တရားခံကိုလည်း ရှာပေးဖို့တောင်းဆိုနေပါတယ်” ပြောသည်။
မီးလောင်ဗုံး တရားခံကိစ္စနှင့် ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဒေသခံတွေက ဥပဒေနှင့် ဆန့်ကျင်ပြီး ဆန္ဒထုတ်ဖော် တဲ့အတွက်ဖြစ်တယ်ဟု ပြန်လည်ဖြေရှင်းခဲ့ပြီး မီးလောင်ဗုံးမဟုတ် မီးခိုးဗုံးသာဖြစ်ကြောင်း
ပြောဆိုသည်ဟု ကိုဘထူးက မဇ္ဈိမကိုပြောသည်။
ဆည်တည်းကျေးရွာ နေထိုင်သူ မရီဝင်းက " အဓိကက ကျမတို့ တောင်းဆိုချင်တာက ဒီလက်ပံတောင်းတောင်
ကြေးနီစီမံကိန်းကြီး ဖျက်သိမ်းရေးပဲ၊ ကျန်တာတွေ မတောင်းဆိုချင်ပါဘူး "ဟု ပြောသည်။
ယခုလက်ရှိ အချိန်တွင် ဆည်တည်းကျေးရွာ ဓမ္မာရုံတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အန်အယ်ဒီမိသားစု ငါးယောက်ရှိသည်ဟု ကိုဘထူးကပင် ပြောဆိုခဲ့သည်။
ရွာသားများ၏ ၀ိုင်းဝန်းဆန္ဒပြမှုကိုခံနေရကြောင်း ကိုဘထူးမှ အတည်ပြုပြောဆိုသည်။

Post a CommentDefault CommentsFacebook Comments