အခမဲ့ သင်တန်းပေးသူကို ဘာကြောင့် တရားစွဲသလဲ
https://albanykarennews.blogspot.com/2013/03/blog-post_12.html
Re-Post By ACM 13-3-2013
နိုင်ငံတော် သမ္မတက စွမ်းရည်မြင့်ရေး လုပ်ဆောင်ရန် လိုအပ်သည်ဟု ပြောနေသော မြန်မာနိုင်ငံတွင် စွမ်းရည်မြင့်ရေး သင်တန်းဖွင့်သူတဦး တရားစွဲခံနေရသည်။
ပြည်မြို့နယ် အထွေထွေ အုပ်ရေးမှူးရုံးက ထိုမြို့ရှိ သံလွင်ခက် ပညာဒါနကျောင်းဖွင့်ထားသူ ကိုမင်းမင်းကို ဥပဒေပုဒ်မ (၁၇၂) ဖြင့် တရားစွဲထားသည်ဟု ဆိုသည်။
“Capalcity Building (စွမ်းရည်မြင့်ရေး) လုပ်တယ် ဆိုတာက အရပ်ဘက် လူ့အဖွဲ့အစည်း အားကောင်း ရှင်သန်စေရေး အတွက် ဖြစ်တယ်။ သမ္မတနဲ့တကွ လူထုခေါင်းဆောင်တွေ၊ ကမ္ဘာ့ခေါင်းဆောင်တွေ ကိုယ်တိုင်က Capalcity Building တွေ အများကြီး လုပ်ဖို့လိုတယ်လို့ ပြောနေတယ်ဗျာ။ ဒီလို သင်တန်း
ကျောင်း မျိုးကို အားပေး ကူညီရမဲ့အစား လူတွေရဲ့ အခြေခံ လူ့အခွင့်အရေးတွေ၊ လွတ်လပ်မှုတွေကို ရည်ရွယ်ချက်ရှိရှိ နည်းဗျူဟာတခုလို လုပ်ပြီး တရားစွဲဆိုတယ် ဆိုတာကိုတော့ ကျနော် ရှုတ်ချတယ်ဗျာ” ဟု ကိုမင်းမင်းက ပြောသည်။
နိုင်ငံရေးသင်တန်း မလုပ်နဲ့
ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့က ပြုလုပ်သည့် သင်တန်းအမှတ်စဉ် (၇) ကိုလည်း ရပ်ဆိုင်းပေးရန် ပြည်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက ခေါ်ယူပြောဆိုခဲ့ဖူးကြောင်း၊ သင်တန်းတွင် နိုင်ငံရေး သိပ္ပံဘာသာရပ်နှင့် ပတ်သက်၍ ထပ်မံသင်တန်းမပေးရန် သတိပေး တားမြစ်ခံခဲ့ရကြောင်း ကိုမင်းမင်းက ဆက်ပြောသည်။
၎င်း ကိစ္စနှင့်ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက် စုံစမ်းရာ တရားလို ဒုဦးစီးမှူး ဦးဟန်ဝင်းဇော် မှာ တာဝန်အရ ခရီးလွန်နေသည် ဟူသော အဖြေကိုသာ ရခဲ့သည်။
သင်တန်းမှာ ပို့ချခဲ့သူ များ
ကျောင်းသက်တမ်း (၈) လ ကျော်အတွင်း (၈) ကြိမ် သင်တန်းပို့ချခဲ့ပြီး သင်တန်းသား ၂၀၀ ခန့် မွေး ထုတ် ပေးနိုင်ခဲ့ကြောင်းသိရသည်။
သင်တန်းများတွင် နိုင်ငံရေးသိပ္ပံ၊ သတင်းနှင့်မီဒီယာ၊ သဘာဝပတ်ဝန်းကျင် ၊ လယ်ယာမြေဥပဒေ၊ လူ့ အခွင့်အရေး နှင့် အခြားလူထုမျက်စိနားပွင့်လင်းစေမ ည့် ဘာသာရပ်တို့ကို အထူးကျွမ်းကျင်သူ အောက်
ဖော်ပြပါ ပညာရှင်များ လာရောက် သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ဒေါ်ဒေဝီသန့်ဇင် (သဘာဝပတ်ဝန်းကျင်)
ဦးထွန်းလွင် (မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူးဟောင်း)
ဦးဝင်းထွဋ်ဇော် (စာနယ်ဇင်း)
ဦးအံ့ခေါင်းမင်း (မြန်မာသံတော်ဆင့် ဂျာနယ်တာဝန်ခံအယ်ဒီတာ)
ဦးအောင်မျိုးမင်း (မြန်မာနိုင်ငံ လူ့အခွင့်အရေးပညာပေးအဖွဲ့)
ဦးမောင်မောင်လေး (HRDP လူ့အခွင့်အရေး ဆိုင်ရာအဖွဲ့)
ကိုမင်းဇေယျာ (၈၈ မျိုးဆက်ကျောင်းသား)
ပုဒ်မ ၁၇၂ ဆိုတာ ဘာလဲ
ပုဒ်မ ၁၇၂ သည် သမ္ဗာန် စာပေးပို့ခြင်း၊ ဆင့်ခေါ်ခြင်းကို တိမ်းရှောင်ပါက အရေးယူနိုင်ရန် ပြဋ္ဌာန်းထားသော ဥပဒေဖြစ်ကြောင်း၊ ကိုမင်းမင်းက တိမ်းရှောင်ခဲ့ခြင်း မရှိကြောင်း သူ၏ အကျိုးဆောင် တရား လွှတ်တော်
ရှေ့နေ့ ဦးကျော်ဋ္ဌေးက ပြောသည်။
“ အခုဟာက သမ္ဗာန်စာကို လက်ခံတဲ့အတွက် ပြဋ္ဌာန်းချက်နဲ့ မညီဘူး၊ အမှန်တရား ပေါ်ပေါက်
အောင်ဆောင် ရွက်သွားမယ်” ဟု ရှေ့နေ့က ဆက်ပြောသည်။
သမ္ဗာန်စာကို မတ်လ (၅) ရက်နေ့က လက်ခံရရှိခဲ့သည်ဟု ဆိုသည်။
သို့သော်လည်း သမ္ဗာစာ တိမ်းရှောင် မှုဖြင့် မတ်လ (၇) ရက်နေ့က ပထမဆုံးအကြိမ်ရုံးချိန်း အဖြစ် ပြည်မြို့ နယ် တရားရုံး၌ ခေါ်ယူ စစ်ဆေးခံခဲ့ ရကြောင်း ကိုမင်းမင်းက ဧရာဝတီကို ပြောသည်။
ဓာတ်ပုံ- ကောင်းမြတ်မင်း-ဧရာဝတီ
Posted by
Unknown
Post a CommentDefault CommentsFacebook Comments