KIO နှင့် အစိုးရ ရွှေလီတွင် တွေ့ဆုံဆွေးနွေး(သတင်းတို)
https://albanykarennews.blogspot.com/2013/02/kio_4.html
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် မြန်မာအစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့ Jin Cheng Hotel တွင် တွေ့ဆုံဆွေးနွေးလျက်ရှိသည်။
အစိုးရဘက်မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်ပြီး မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်နှင့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေ အပါအဝင် အဖွဲ့ဝင်များ တက်ရောက်သည်။
KIO ဘက်မှ ဗဟို ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်၊ ဗဟိုတရားရေးဌာန တာဝန်ခံ ဦးလဖိုင်လ၊ KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော် နှင့် အဖွဲ့ဝင်များ တက်ရောက်ကြောင်း သိရသည်။
ယခုဆွေးနွေးပွဲကို တရုတ်အစိုးရမှ စီစဉ်ပေးခြင်းဖြစ်ပြီး ကြားခံအဖြစ် တရုတ်အစိုးရ တာဝန်ရှိသူများနှင့် ပဏာမ အပစ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် တချို့ တက်ရောက်ကြောင်း၊ လုံခြုံရေးကိုလည်း တရုတ်အစိုးရက အထူးတင်းကြပ်ပေးထားကြောင်းလည်း သိရသည်။ နှစ်ဘက်ဆွေးနွေးသည့် အသေးစိတ် အကြောင်းအရာများကို ဧရာဝတီက ဆက်လက်ဖော် ပြပေးပါမည်။
Posted by
Unknown
Post a CommentDefault CommentsFacebook Comments