ဂန္တ၀င် လက်ဝှေ့အကျော် မိုဟာမက် အလီ ကျန်းမာရေး ဆိုးနေ




ကမ္ဘာကျော် ဂန္တ၀င် လက်ဝှေ့သမားကြီး မိုဟာမက် အလီ ဟာ ကျန်းမာရေး အတော် အခြေအနေ ဆိုးနေ တယ်လို့ သူ့ညီရဲ့ စကားကို ကိုးကားပြီး sportingnews က ဖော်ပြထားပါတယ်။
အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ ငယ်နာမည် ကားဆီးရပ်စ် ကလေး ခေါ် မိုဟာမက် အလီဟာ လက်ဝှေ့ ထိုးခဲ့တဲ့ ဒဏ်တွေကြောင့် သူဟာ ဦးခေါင်းတုန်ပြီး အာရုံကြောတွေ မကောင်းခဲ့တာ ကြာပါပြီ။ သူ့ရဲ့ မနှစ်က မွေးနေ့ ကိုလည်း စည်ကားစွာ ကျင်းပခဲ့ပါသေးတယ်။ အဲဒီတုန်းကလည်း ကျန်းမာရေး မကောင်းပေမယ့် လူတွေကို လက်ပြနှုတ်ဆက်နိုင်ပါသေးတယ်။

အခုတော့ သူ့ကျန်းမာရေးအခြေအနေဟာ အလွန်ချို့ယွင်းနေပြီဖြစ်တာကြော
င့် ဒီရက်ပိုင်းဘဲ ဆုံးပါး သွားနိုင်တယ်လို့ မှတ်ချက်ပေးနေကြတယ်ဆိုပါတယ်။

သူဟာ ကမ္ဘာ့လက်ဝှေ့လောကမှာ အလွန်ထူးခြားတဲ့ လက်ဝှေ့သမားတဦးလည်း ဖြစ်ပါတယ်။ သူဟာ Louisville မှာမွေးဖွားခဲ့တာပါ။ ကားဆီးရပ်စ် ကလေး ဆိုတဲ့ မွေးနာမည်နဲ့ ဟဲဗီးဝိတ်တန်း လက်ဝှေ့သမား
ဖြစ်လာခဲ့ပြီး ၁၉၆၄ ခုနှစ်မှာ Sonny Liston ကို အလဲထိုးလိုက်နိုင်ပြီးနောက်မှာ အစ္စလမ်နိုင်ငံနဲ့ ချိတ် ဆက်ပြီး သူ့နာမည်ကို မိုဟာမက် အလီလို့ ပြောင်းလဲပစ်လိုက်တာပါ။

၁၉၆၇ ခုနှစ်မှာ အမေရိကန် ဥပဒေရဲ့ စစ်မှုမထမ်းမနေရ ဆိုတာကို ငြင်းပယ်ခဲ့လို့ ၃ နှစ်တာ လက်ဝှေ့ မထိုးရဆိုပြီး ကန့်သတ်တားမြစ် အပြစ်ပေးခံခဲ့ရပါတယ်။


Credit to : ဧရာဝတီသတင်း

Related

news 5459090786175458299

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item