နိုင်ရိုဘီလမ်းမပေါ်ရောက် ခြင်္သေ့နှစ်ကောင်
https://albanykarennews.blogspot.com/2013/02/blog-post_4826.html
မော်တော်ယာဉ်အသွားအလာ များပြားရှုပ်ထွေးသည့် ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ အမျိုးသားဥယျာဉ်အနီးရှိ လမ်းမပေါ်သို့ ခြင်္သေ့နှစ်ကောင် ရောက်ရှိလာပြီး စိတ်ကြိုက် ဆော့ကစားနေခဲ့ရာ ယာဉ်ကြောပိတ်ဆို့ ခေတ္တမျှဖြစ်ပေါ်ခဲ့သည်။
တစ်ကောင်နှင့်တစ်ကောင့် ဆော့ကစားကာ လမ်းပေါ်တွင် လှဲ၍ပင် အိပ်နေခဲ့သေးသည့် အဆိုပါ အာဖရိက ခြင်္သေ့နှစ်ကောင်အား အပျော်တမ်း ဓာတ်ပုံရိုက်ကူးသူတစ်ဦးက အမိအရ မှတ်တမ်းတင်နိုင်ခဲ့သည်။
နိုင်ရိုဘီ အမျိုးသားဥယျာဉ်မှ ခြင်္သေ့များဖြစ်သဖြင့် ၎င်းတို့မှာ မော်တော်ယာဉ်၊ လူများနှင့် ဓာတ်ပုံရိုက်ကူးခြင်းတို့ကိုလည်း ဂရုစိုက်ခြင်းမရှိဘဲ အေးအေးလူလူပင် လမ်းမပေါ်တွင် ခေတ္တနေထိုင်ခဲ့ကြသည်။
မော်တော်ယာဉ်ပေါ်တွင် လိုက်ပါလာသူများကလည်း ခြင်္သေ့နှစ်ကောင်၏ လှုပ်ရှားနေထိုင်မှုကို ကြည့်ရှုကာ သဘောကျနေဟန်ရှိခဲ့သည်။
http://www.planet.com.mm
Posted by
Unknown







Post a CommentDefault CommentsFacebook Comments