“ဦးခေါင်းခွံ အစားထိုးကုသမှု ခံယူခဲ့သည့် မာလာလာ၏အခြေအနေ ကောင်းမွန်”



တာလီဘန်တို့ ပစ်ခတ်မှုကြောင့် ဦးခေါင်းဒဏ်ရာ ရခဲ့သည့် ပါကစ္စတန် ကျောင်းသူလေး မာလာလာ ယူဆွတ်ဖ်ဇိုင်သည် ဦးခေါင်းခွံ အစားထိုးခွဲစိတ်ကုသမှု ခံယူပြီးနောက် တစ်စထက်တစ်စ အခြေအနေ ကောင်းမွန် သက်သာလာကြောင်း သိရှိရသည်။

ဗြိတိန်နိုင်ငံ၊ ကွင်းအဲလိဇဘက်သ် ဆေးရုံမှ ခွဲစိတ် ဆရာဝန်များသည် ၎င်းတို့၏ အသက်(၁၅)နှစ်အရွယ် လူနာ မိန်းကလေးအား ဦးခွံတွင် သတ္တုပြားတစ်ချပ် ထည့်သွင်း ဖာထေးပေးခဲ့ပြီး နားစည်တစ်ဖက် ပျက်စီးသွားမှုကိုလည်း ပြန်လည် ပြုပြင်ပေးခဲ့သည်။

တိုက်တေနီယမ် သတ္တုပြားတစ်ချပ် ထည့်သွင်းတပ်ဆင်သည့် ခွဲစိတ်မှု အောင်မြင်ခဲ့ပြီးနောက် မာလာလာ၏ အခြေအနေ တိုးတက်ဖြစ်ထွန်းလာမှုများကို အလွန် ကျေနပ် ပျော်ရွှင်ကြောင်း ကွင်းအဲလိဇဘက်သ် ဆေးရုံမှ ခွဲစိတ် ဆရာဝန်များက ပြောကြားခဲ့သည်။

Related

news 4221129227654423097

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item