တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် (KNU) ဥက္ကဋ္ဌ မူတူး စေးဖိုးတို့ တွေ့ဆုံသည့်ဓါတ်ပုံမှတ်တမ်း
https://albanykarennews.blogspot.com/2013/01/knu_5.html
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့် အဖွဲ့အား ရင်းရင်းနှီးနှီးတွေ့ဆုံ
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကရင် အမျိုးသား အစည်းအရုံး (KNU) ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့် အဖွဲ့ဝင်များအား ယနေ့ နံနက် (၇) နာရီခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ၌ လက်ခံ တွေ့ဆုံပြီး နံနက်စာ အတူတကွ သုံးဆောင်၍ လက်ဆောင် ပစ္စည်းများ ပေးအပ်ကြသည်။
အဆိုပါ တွေ့ဆုံပွဲ့သို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ကရင် အမျိုးသား အစည်းအရုံး (KNU) ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး နှင့်အတူ့ အထွေထွေ အတွင်းရေးမှူးချုပ် ဖဒိုစောကွယ် ထူးဝင်း၊ အတွင်းရေးမှူး (၂) ဖဒို စောမန်းမန်း၊ ဗဟို ကော်မတီဝင်များ ဖြစ်ကြသည့် ဖဒို စောရော်ဂျာခင်၊ ဖဒို မန်းညိမ်းမောင်နှင့် ဖဒို စောလှထွန်းတို့ တက်ရောက်ကြသည်။
မြန်မာအစိုးရ၀ါဒဖြန့် မြ၀တီသတင်းမှ...............
Posted by
Unknown









Post a CommentDefault CommentsFacebook Comments