ငြိမ်းချမ်းရေးရယူပြီးနောက် ရန်သူ၏ ရိက္ခာပစ္စည်းများစွာကို KNU ပထမဆုံးအကြိမ် မီးရှို့ဖျက်ဆီး


အစိုးရစစ်တပ်၏ ရိက္ခာပစ္စည်းများစွာကို ကေအဲန်ယူ မီးရှို့ဖျက်ဆီးခဲ့


ဇန်န၀ါရီလ ၁၇ရက်။ ၂၀၁၃ခုနှစ်

  စောလားခတ်မူး (ကရင်ကျောင်းသားများကွန်ယက်)
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ်၏ ရိက္ခာပစ္စည်း မြောက် များစွာကို  ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ ၅တပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးလိုက်သည်ဟု ထိုဒေသမှ လာသည့်သတင်း အရ သိရှိရသည်။ 
ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ရက်နေ့ မွန်းလွဲပိုင်းတွင် အစိုးရ စစ်တပ်၏ ရိက္ခာပစ္စည်းမျိုးစုံကို တင်ဆောင် လာသည့် မော်တော်ယာဉ်များသည် ကေအဲန်ယူ တပ်မဟာ (၅)သတ်မှတ်ထားသော နယ်မြေကို ကျော် လွန်၍ ၀င်ရောက် လာသဖြင့် ယခုလို ကေအဲန်ယူတပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု ကေအဲန်ယူ တပ်မဟာ(၅)၏ သတင်းရပ်ကွက်အရ သိရှိရသည်။ 
မီးရှို့ဖျက်ဆီးခံခဲ့ရသော အစိုးရစစ်တပ်၏ ရိက္ခာပစ္စည်းများမှာ ဆန်အိတ် ၄၀၇အိတ်၊ ပဲ ၂၂အိတ်၊ ဆား ၂အိတ်၊ စားသုံးဆီ ၂၃ပုံး၊ စိမ်းစားငါးပိ ၂အိတ်၊ သကြား ၃အိတ်၊ လက်ဖက်ခြောက် ၁အိတ်၊ နို့ဆီ ၁၂ဖာ၊ အမဲဗူး ၂ဖာ၊ အရက် Armera အမျိုးအစား ၆ဖာ အပါအ၀င် ရိက္ခာပစ္စည်း အမျိုးပေါင်း (၁၂)မျိုး ပါဝင်သည်။ သို့သော် မော်တော်ယာဉ်များကိုမူ မီးရှို့ဖျက်ခြင်းမရှိကြောင်း သိရှိရသည်။
ကေအဲန်ယူနှင့်အစိုးရတို့ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရယူခဲ့သည့်နောက်ပိုင်း အစိုးရစစ် တပ်ဘက်မှ ရှေ့တန်းရှိ ရိက္ခာပစ္စည်းများ အဆက်မပြတ်ပို့ဆောင်လျှက်ရှိသလို ၎င်းတို့၏ တပ်စခန်း များကိုလည်း  သွပ်ဖြင့်မိုးခြင်း၊ သစ်လုံးကြီး၊ အုတ်နှင့် ဘိလပ်မြေများဖြင့် အခိုင်အမာတည်ဆောက် ခြင်းအပြင် ဆက်သွယ်ရေးမြောင်းများကိုလည်း တူးဖော်မှုများလုပ်ဆောင်လျှက်ရှိ သည်ဟု ရှေ့ တန်းရှိ ကေအဲန်ယူတပ်ဖွဲ့ဝင်များက ပြောသည်။ 
ကေအဲန်ယူနှင့်မြန်မာအစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ပြီးခဲ့သည့် ၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၁၂ရက်နေ့တွင် ကရင်ပြည်နယ်၊ ဖားအံမြို့၌ လက်မှတ်ရေးထိုးခဲ့ကြသည်။
ကေအဲန်ယူနှင့် အစိုးရတို့အကြား နှစ်ဘက် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးပြီးခဲ့ သည့်နောက်ပိုင်း အစိုးရစစ်တပ်မှ ကေအဲန်ယူတပ်မဟာ(၅)နယ်မြေအတွင်း ရိက္ခာပစ္စည်းများပို့ ဆောင်ခဲ့ ရာတွင် မြေမြှုပ်မိုင်းဟောင်းများကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများရှိသော်လည်း ယခုလို ကေအဲန်ယူဘက်မှ ၎င်းတို့၏ ရိက္ခာပစ္စည်းများကို မီးရှို့ဖျက်ဆီးမှုသည် ပထမဦးဆုံးအကြိမ်ဖြစ်သည်။ 

Related

news 1818067124999997698

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item