KNU မှ ထုတ်ဝေသည့် ၂၀၁၃ ပြက္ခဒိန်မှာ ဝေဖန်မှုများရှိ

KNU မှ ထုတ်ဝေတဲ့ ကရင့်သက္ကရာဇ် ၂၇၅၂-ခုနှစ်၊ ၂၀၁၃ အတွက် ပြက္ခဒိန်အသစ် ထုတ်ဝေခဲ့ပြီ
ဖြစ်ပါတယ်။ ရှေ့မျက်နှာဖုံးမှာ စောဘဦးကြီးမူလေးချက်နဲ့အတူ ကရင့်အမျိုးသားခေါင်းဆောင်
အာဇာနည် စောဘဦးကြီး မန်းဘဇံ၊ဗိုလ်ချုပ်မြ၊ ပဒိုဘသင်စိန်၊ ပဒိုမန်းရှာလားဖန်း ပုံတွေနဲ့ ဂုဏ်ပြု
ပုံနှိပ်ထားပါတယ်။

စောဘဦးကြီးမူလေးချက်မှာ စကောကရင်၊အရှေ့ပိုးကရင်၊ မြန်မာနဲ့အင်္ဂလိပ် လေးမျိုးထည့်သွင်း
ထားခဲ့ပါတယ်။ ဧရာဝတီတိုင်းက အနောက်ပိုးကရင်တွေက သူတို့စာကို မထည့်ရကောင်းလား
ဆိုပြီး ဝေဖန်သံလည်း ကြားခဲ့ရပါတယ်။ အရှေ့ပိုးကရင်စာမှာတော့ စာလုံးပေါင်းမှားတာကို ထောက်
ပြခဲ့ဖူးပေမဲ့ KNU ဗဟိုဌာနချုပ်(သို့) ပြန်ကြားရေးဌာနကို မရောက်ခဲ့လို့လားမပြောတတ်။ အရင်စာလုံး
ပေါင်းအမှားကိုပဲ ဆက်သုံးထားတာကို တွေ့ရပါတယ်။

(၆၁)နှစ်မြောက် အာဇာနည်နေ့မှာ MKO မှ စာလုံးပေါင်းအမှန်နဲ့ အနောက်ပိုးကရင်ဘာသာကိုပါ
ထည့်သွင်းထုတ်ဝေသွားခဲ့ပြီ ဖြစ်ပါတယ်။

MKO မှ ထုတ်ဝေတဲ့ (၅)ဘာသာ စောဘဦးကြီးမူလေးချက်
KNU မှ ထုတ်ဝေတဲ့ ၂၀၁၃ ပြက္ခဒိန်ရဲ့ နောက်ထူးခြားချက်တခုက မျက်နှာဖုံးပြီးတော့ နောက်တမျက်
နှာရဲ့ ထိပ်ဆုံးပုံမှာ ဒုတိယအကြိမ်မြောက် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးစဉ်တုန်းက မြန်မာအစိုးရ ကိုယ်စားလှယ် ဦးအောင်မင်းတို့အဖွဲ့နဲ့ တွဲရိုက်ထားတဲ့ မှတ်တမ်းပုံကိုပါ ထည့်သွင်းထားတာကို တွေ့
ရမှာ ဖြစ်ပါတယ်။

တချို့က KNU အနေနဲ့  ငြိမ်းချမ်းရေးလမ်းပေါ် လျှောက်နေပြီဖြစ်ပေမဲ့ ခရီးတ၀က်တောင်မရောက်
သေးတဲ့အချိန်မှာ မြန်မာအစိုးရပုံတွေကို ထည့်သွင်းဖေါ်ပြတာ စောလွန်းပါတယ်လို့လည်း ဝေဖန်
သုံးသပ်ကြပါတယ်။




Related

news 4762448921801090337

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item