"ဘွမ်လွိ"တောင်ကုန်းစခန်းအား အစိုးရထံမှ ပြန်လည် သိမ်းပိုက်နိုင်ရန် KIA,ထိုးစစ်ဆင်



KIA, တပ်မဟာ (၅)၊ တပ်ရင်း (၂၃)၏ ရှေ့တန်းလုံခြုံရေးတောင်ကုန်းစခန်း တစ်ခု ဖြစ်သော "ဘွမ်လွိ"(Bum Lwi)Post အား မြန်မာ အစိုးရတပ် က (၂၈၊၁၂၊၂၀၁၂)ရက်နေ့
မှ စ၍ လက်နက်ကြီးများဖြင့်အဆက်မပျက် ပစ်ခတ်ခြင်းလေကြောင်းမှ အပြင်းအထန် ဗုံးကျဲတိုက်ခိုက်ပြီးစစ်အင်အားအလုံးအရင်း ဖြင့်ထိုးစစ်ဆင်တိုက်ခိုက် ခြင်းတို့ ကြောင့်
KIA, မှ ၄င်းတောင်ကုန်းစခန်းအား (30/12/2012) ရက်နေ့တွင် လက်လွှတ် လိုက်ကြောင်း 

သိရှိရပါသည်။ 

ယခုအခါ KIA, မှ မိမိတို့ လက်လွှတ်လိုက်သော ၄င်းစခန်းအား မြန်မာ
အစိုးရ စစ်တပ်ထံမှ ပြန်လည် သိမ်းပိုက် နိုင်ရန်အတွက် ပြန်လည်ထိုးစစ်ဆင် 

တိုက်ခိုက်ရာမှ နှစ်ဘက် စစ်အင်အားအလုံးအရင်းဖြင့်အပြင်းအထန် တိုက်ပွဲ ဖြစ်ပွား ပြီး 
(1/1/2013)ရက်နေ့ တွင် KIA, ဘက်မှ (၂)ဦးကျဆုံး ကာ အစိုးရ စစ်
တပ်ဘက်မှ လည်းအများအပြား ထိခိုက်ကျဆုံးကြောင်း
KIA, ရှေ့တန်းအရာရှိများထံမှ သတင်းရရှိပါသည်။
 

Lachid Kachin

Related

news 789819250639713410

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item