FIFA Ballon d'Or ဆု ၄ နှစ်ဆက်တိုက်ပိုင်ရှင် မက်ဆီ

၂၀၁၂ ခုနှစ်အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ FIFA Ballon d'Or ဆုချီးမြှင့်သည့် အခမ်းအနားကို ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့တွင် ကျင်းပခဲ့ရာ အာဂျင်တီးနားလက်ရွေးစင်နှင့် စပိန်လာလီဂါမှ ဘာစီလိုနာအသင်း တိုက်စစ်မှူး လီယွန်နယ် မက်ဆီက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d'Or) ကို ရရှိသွားသည်။

ထို့အပြင် အသက် ၂၅ နှစ်အရွယ် မက်ဆီသည် Ballon d'Or ဆုကို ၄ နှစ်ဆက်တိုက် ရရှိသည့် ဘောလုံးကစားသမားအဖြစ်လည်း စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။ မက်ဆီသည် ၂၀၁၂ ခုနှစ် Ballon d'Or ဆုကို ဘာစီလိုနာအသင်းဖော်ဖြစ်သည့် အင်နီယေစတာနှင့် ရီးယဲလ်မက်ဒရစ် ကစားသမား ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ကို ကျော်ဖြတ်ကာ ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။

မက်ဆီသည် FIFA က ရွေးချယ်သည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးအသင်းတွင်လည်း ၆ ကြိမ်မြောက် ရွေးချယ်ခံခဲ့ရသည်။
 

 

Related

news 8976986045578688429

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item