ဗမာဆို သေနတ်နဲ့ ပစ်မဲ့ ကချင်ကလေးငယ်များ
https://albanykarennews.blogspot.com/2013/01/blog-post_8933.html
(စစ်ဖြစ်ပွားတဲ့ ဒေသက ကရင်ကလေးငယ်တွေဆို ကြီးလာရင် ဘာလုပ်မလဲ မေးကြည့်လိုက်ပါ။
ကြီးလာရင် ကရင်စစ်သားလုပ်မယ်၊ ဗမာတွေကို ပြန်သတ်မယ် ဆိုတာချည်းပဲ အဖြေပြန်ရပါလိမ့်
မယ်။ ဒါက ကလေးမှာ အပြစ်မရှိပါဘူး၊ သူတို့ကျင်လည်ခဲ့တဲ့ဝန်းကျင်မှာ စစ်ပြေးရတယ်၊ အိမ်မွေး
တိရိစ္ဆာန်တွေ မြန်မာစစ်တပ်က ခိုးစားတယ်၊ မိဘအကို ညီမတွေအသတ်ခံရတယ်၊ မုဒိမ်းကျင့်ခံရတယ်၊
စတာတွေကြောင့် နာကျဉ်းချက်တွေက ကလေးငယ်တွေရဲ့ စိတ်မှာ အလိုလို မွေးဖွားလာတာ
ပဲဖြစ်တယ်။
မြန်မာအစိုးရက ဘယ်လောက်ပဲလေတပ်နဲ့ပဲတိုက်တိုက် နာမည်ပျက်တာပဲ အဖတ်တင်လိမ့်မယ်
ဘယ်တော့မှ တိုင်းရင်းသားတွေရဲ့ စိတ်ဓါတ်ကို ချိုးနှိမ်လို့မရနိုင်ပါဘူး။
အခုကော ကျောင်းနေအရွယ်မှာ ကျောင်းမနေရတဲ့ ကချင်ကလေးငယ်တွေရဲ့အကြောင်းကို
ဖတ်ကြည့်စေချင်ပါတယ်။)
ဗမာဆို သေနတ်နဲ့ ပစ်မဲ့ ကချင်ကလေးငယ်များ
KIA စစ်ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့ အနီးရှိ ကြယ်ရန်း ကချင် စစ်ဘေး ဒုက္ခသည် စခန်းသို့ မှတ်တမ်း ဗီဒီယိုသွားရောက် ရိုက်ကူးခဲ့သော မရှင်းဒေ၀ီကမူ ကချင်ကလေးငယ်များတွင် လူမျိုးရေး အခြေခံသော မုန်းတီးစိတ်များ မြင်တွေ့ ရသည့် အပြင် ကလေးငယ်များသည် သေနတ်ဖြင့် တိုက်ခိုက်ရသည့် စစ်တိုက်ကစားနည်းကို အလွန် နှစ်သက်ကြ သည်ကို တွေ့ရ ကြောင်း ပြောသည်။
“ကချင် ကလေးတွေက သေနတ်ကိုပဲ စိတ်ဝင်စားကြ တယ်။ သူတို့ အချင်းချင်း ကချင်လိုပြောပြီး ပစ်ကြတာ။ အချို့ကလေးတွေက ကစားစရာ သေနတ်မရှိတော့ ၀ါးတွေ၊ သစ်သားတွေကို သေနတ်လုပ်ပြီး ကစားကြတယ်။ ကျမ ကချင် ဒုက္ခသည် စခန်းမှာ မှတ်တမ်း ဗီဒီယိုသွား ရိုက်ဖြစ်တော့ စစ်တိုက်တမ်း ဆော့နေတဲ့ ကလေးလေးတွေက
ကျမက ဗမာဆိုပြီး သေနတ်နဲ့ ပစ်တဲ့ ပုံစံမျိုးလေးတွေ လုပ်ကြတယ်”ဟု မရှင်းဒေ၀ီက ပြောသည်။
ကချင် ငြိမ်းချမ်းရေး ကွန်ရက်မှ မမေစပယ်ဖြူ ကလည်း ဒုက္ခသည် စခန်းများရှိ ကချင် ကလေးငယ်များ စိတ်တွင် လူမျိုးရေး အခြေခံသော မုန်းတီးမှုများ ပေါက်ဖွားလာနေကြောင်း၊ ဗမာမုန်းတီးရေး စိတ်အခြေခံများ တွေ့လာရကြောင်း ပြောသည်။
“နေ့စဉ်နဲ့အမျှ ပစ်တာ၊ ခတ်တာ တိုက်တာ၊ ခိုက်တာတွေချည့်ပဲ ကလေးတွေ ကြားနေရတယ်လေ။ ဒီကလေး တွေရဲ့ စိတ်ထဲမှာ စိတ်ဒဏ်ရာ တွေရလာတယ်။ သူတို့ ဒီလို ဖြစ်နေရတာက စစ်ကြောင့်၊ စစ်ဆိုတာ ကလည်း ဗမာစစ်တပ် တွေနဲ့ ဖြစ်နေတာလို့ သူတို့က နားလည်တယ်။ ဗမာတွေက ကချင်တွေကို လာပြီးတော့ ပစ်ခတ်တိုက်ခိုက်နေလို့ ပြေးနေရတာ၊ စာမသင်ရတာဆိုပြီး နုနယ်တဲ့ ကလေးတွေရဲ့ နှလုံးသားထဲမှာ နှစ်ရှည်ကြာ လာတာနဲ့အမျှ အမြစ်စွဲလာတယ်။ လူမျိုးရေး ကို အခြေခံတဲ့ မုန်းတီးစိတ်၊ စိတ်ဒဏ်ရာ တွေစွဲလာတယ်။ စစ်တိုက်တမ်း ကစားရင်တောင် ဗမာတွေနဲ့ ပစ်ကြမယ်၊ ခတ်ကြ မယ်ဆိုတဲ့ ကစားနည်းမျိုးတွေ ကစားကြတယ်။ ရေရှည်မှာ ဒါက နိုင်ငံ့ အနာဂတ် အတွက် မကောင်းနိုင်ဘူး” ဟု မမေစပယ်ဖြူက ဆိုသည်။

Post a CommentDefault CommentsFacebook Comments