ဗိုလ်ချုပ် မူတူးစေးဖိုးတော့ ကြွသွားပြီ (နေပြည်တော်ကို)

အဲခေါင်သောင့်

ကေအဲန်ယူ၏ ဥက္ကဌ အသစ်စက်စက် ဖြစ်လာသူ ဗိုလ်ချုပ် မူတူးစေးဖိုးတယောက် နေပြည်တော်ကို ယနေ့မနက်ပိုင်းတွင် သွားပြီဖြစ်ကြောင်း ကေအဲန်ယူမှ လာသည့် သတင်းများအရ သိရသည်။

သူနှင့်အတူ အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်း၊ တွဲဖက် အတွင်းရေးမှူး ၂ ပဒိုမန်းမန်း၊ ပြန်ကြားရေး ဌာနတာဝန်ခံ ပဒိုစောလှထွန်းနှင့် အလုပ်အမှုဆောင်မှ ပဒိုမန်းငြိမ်းမောင်တို့ ပါဝင်ကြောင်း သိရှိရသည်။

ယခင်က ဥက္ကဌ ဗိုလ်ချုပ်မူတူးစေးဖိုးနှင့်အတူ အတွင်းရေးမှူး နှစ်ဦးနှင့် မှတ်တမ်းအဖြစ် ပဒိုစောလှထွန်းတို့သာ သွားရောက်ကြမည်ဟု သတင်းထွက်ပေါ်လာခဲ့သော်လည်း ယနေ့မနက် ခရီးစဉ်တွင် ပဒိုမန်းငြိမ်းမောင် တယောက် ထပ်ပါလာခြင်း ဖြစ်သည်။

အဘယ်ကြောင့် ယခုလို ပဒို မန်းငြိမ်းမောင် တယောက် ထပ်ပါလာရသည်ကို ရှင်းရှင်းလင်းလင်း သိရှိရခြင်း မရှိသေးပေ။

ပဒိုမန်းငြိမ်းမောင်သည် အခြား ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်သည့် ပဒိုစောသမိန်ထွန်းနှင့်အတူ ရန်ကုန် အလုံစမ်းချောင်းရှိ ကရင်နှစ်သစ်ကူး ကျင်းပပြုလုပ်ရေး ကော်မတီ၏ ဖိတ်ကြားချက်ဖြင့် ကရင်နှစ်သစ်ကူးပွဲတော်ကို သွားရောက်အားပေးရန် ယခုလ ၉ရက်နေ့တွင် စတင်ထွက်ခွာရန် အစီအစဉ် ရှိသည်ဟုလည်း သိရှိရသည်။

ယခုခရီးစဉ်အတွင်း ဗိုလ်ချုပ် မူတူးစေးဖိုး ဦးဆောင်သည့် ကေအဲန်ယူ ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ သမ္မတ ဦးသိန်းစိန်နှင့် သွားရောက်တွေ့ဆုံကြမည်ဖြစ်ပြီး လက်ရှိ ကချင်ဒေသအတွင်း တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသဖြင့် အဆိုပါ ကိစ္စကို ဆွေးနွေးသွားဖွယ် ရှိသည်ဟု လေ့လာသုံးသပ်သူများက ပြောဆိုနေကြသည်။ (အဲခေါင်သောင့်)

Related

news 5426385976703604543

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item