ကချင်ပြည်နယ် တိုက်ပွဲများအတွက် အစိုးရ နဲ့ တပ်မတော်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြ
https://albanykarennews.blogspot.com/2013/01/blog-post_64.html
ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွတ် Ye Htut က ဖေ့စ်ဘွတ်ခ်ပေါ်ကနေ ကချင်ပြည်နယ်မှာ လေကြောင်းနဲ့တိုက်ခိုက်တာ ဂျီနီဗာကွန်ဗန်းရှင်းနဲ့ ညီပါကြောင်း ရေးသားဖြေရှင်းလာပါတယ်။
ဒီတော့ ဒီလုပ်ရပ်ဟာ စစ်တပ်နဲ့ အစိုးရတို့ တသဘောထဲ မျှတဲ့ လုပ်ရပ်ဆိုတာ အလိုအလျောက် ပေါ်လွင်လို့သွားတဲ့အတွက် ဒီကချင်ပြည်စစ်ပွဲများအတွက် အစိုးရ ကိုရော၊ နိုင်ငံသားတယောက်အနေနဲ့ စစ်တပ်ကိုရော ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုတ်ချ လိုက်ပါတယ်။
ဦးရဲထွတ်က ဒီလို ပြည်တွင်းစစ်မှာ လေကြောင်းသုံးတိုက်တာ ယခင် ဖဆပလအစိုးရ လက်ထက်၊ လွတ်လပ်ရေး ရပြီးစ ကလည်း သုံးဖူးကြောင်း
ရှင်းလင်း ညွှန်းဆိုထားပါသေးတယ်။
ကျနော့်အနေနဲ့ ပြန်လှန်မေးခွန်းထုတ်ချင်တာက ၄၈ - ၄၉ ကာလ အခြေအနေနဲ့ ခုအခြေအနေနဲ့ တူသလား ဆိုတာပါပဲ။
အဲဒီတုန်းက ရန်ကုန်အစိုးရ လို့ အခေါ်ခံရတဲ့အထိ၊ တိုင်းပြည်အခြေအနေဆိုးရွားခဲ့တဲ
ခုလိုအခြေအနေ၊ ခုလို တိုင်းပြည်ပြည်လည်စုစည်း ပြီးခဲ့တာတွေ သင်ပုန်းချေရေး လို့ ကြွေးကြော်တည်ဆောက်နေကြတဲ့အခြေအ
နောက်ဆုံး အင်အား ၃၀၀၀ လောက်ပဲ ရှိတဲ့ ကေအိုင်အေ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ
အင်အား ၅ သိန်းလောက် ရှိတဲ့ တပ်ကြီးတတပ်က ဂျီနီဗာကွန်ဗန်းရှင်းအရ ပါ ဆိုပြီး လေကြောင်းက တိုက်ခိုက်တာကကော မျှတသလား၊ သူရဲကောင်းဆန်တဲ့ လုပ်ရပ်တွေလား၊
ယုတ်စွအဆုံး မလွှဲမရှောင်သာ တိုက်ဖို့လိုလို့ တိုက်ရတယ် ဆိုရင်တောင် မြေပြင် မြေပြင် တပ်ချင်း၊ အင်အားတူချင်း ရင်ဆိုင်တိုက်ခိုက်ဖြေရှင်းကြတယ
ခုလုပ်ရပ်ကတော့ ကလေးတယောက်ကို လူကြီးတယောက်က ရန်လာစ လို့ဆိုပြီး ထိုးကြိတ်နှိပ်စက်ပြလိုက်သလို အင်မတန်မှ သူရဲဘောကြောင်ရာ
ပြသ လိုက်တာပါပဲ။
ပြည်ပကျူးကျော်မှုလည်း မဟုတ်၊ ကိုယ့်တပြည်ထောင်ထဲသားချင်းဖြစ်
ဒီလုပ်ရပ်ဟာ ဂျီနီဗာကွန်ဗန်းရှင်းနဲ့ ညီသည်၊ မညီသည်က အဓိကမဟုတ်၊ ကြီးနိုင်ငယ်ညှင်းအကြမ်းဖက် အဓမ္မတောတွင်းဝါဒကို ပြသရာရောက်တယ် လို့သာ မြင်ပါတယ်။
အစိုးရနဲ့စစ်တပ်ရဲ့ဒီလုပ်ရပ်အပေ
ပြင်းပြင်းထန်ထန် ကန့်ကွက်၊ ရှုတ်ချ လိုက်ပါတယ်။
ချိုတူးဇော်

Post a CommentDefault CommentsFacebook Comments