ဖားပြုပ်စား၍ (၁)ဦးသေ၊ (၄)ဦးဆေးကုရ


၈-၁-၂၀၁၃ရက်နေ့ ၀၆၃၀ အချိန် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နှစ်ခြားကျေးရွာရှိ ဦးတောက်စိုးဦး၏ နေအိမ်အနီးရှိ ရေတွင်းပျက်အနီးတွင် မီးလှုံနေသည့် စောဖာလိရာ(၈)နှစ်ပါ ကလေးငယ်(၅)ဦးသည် ရေတွင်းပျက်အတွင်းမှ တွေ့ရှိရသည့် ဖားပြုပ်တစ်ကောင်အား ဖမ်းဆီးရိုက်နှက်၍ မီးဖုတ်စားသောက်ခဲ့သည်။ 

ထိုသို့စားသောက်သည့် ကလေးငယ်(၅)ဦးအနက် စောဖာလိရာမှာ အလွန်အကျွံစားသောက်ခဲ့ သဖြင့် ၀၈၃၀အချိန် နေအိမ်၌သေဆုံးသွားခဲ့ပြီး ကျန်(၄)ဦးမှာ ဘားအံဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း၊ ကျန်းမာရေးအခြေအနေ စိုးရိမ်ဖွယ်မရှိကြောင်း ရဲဇာနည်သတင်းအရ သိရှိရသည်။

Related

news 1849737478311480052

Post a CommentDefault Comments

emo-but-icon

သတင်းနှင့်ဘလော့ဆိုက်များ

ကရင်သတင်းဝက်ဆိုက်များ မြန်မာသတင်းဝက်ဆိုက်များ နည်းပညာဝက်ဆိုက်များ

အများဆုံးဖတ်သောသတင်းများ

ဆက်သွယ်ရန်

Name

Email *

Message *

နိုင်ငံတကာ တိုက်ရိုက်ဘောလုံးပွဲစဉ်တွေကို ဒီမှာနှိပ်ပြီး ရှာဖွေကြည့်ရှုနိုင်ပါတယ်။

လွတ်လတ်စွာဆွေးနွေးရန်






မှတ်ချက်ပေးထားသောသူများ

Recent Comments Widget
item